တောင်ကိုရီးယားမင်းသမီး Lee Min Jung ဟာဆိုရင် သူမရဲ့ အကောင်းဆုံး သူငယ်ချင်း Son Ye Jin နဲ့ Gong Hyo Jin တို့နဲ့အတူ တွဲသရုပ်ဆောင် ချင်တဲ့ သူမရဲ့ မျှော်လင့်ချက်လေးကို ပြောပြလာခဲ့ပါတယ်။ Lee Min Jung ၊ Son Ye Jin ၊ Gong Hyo Jin၊ Uhm Ji Won ၊ Lee Jung Hyun နဲ့ Oh Yoon Ah တို့ဟာဆိုရင် အနုပညာ လောကထဲမှာ ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပြီး လှပကြသလို အရည်အချင်းလည်း ပြည့်မီကြတဲ့ သူတွေဖြစ်ပါတယ်။ သူတို့အားလုံးက နယ်ပယ်အသီးသီးမှာ ထူးချွန်ကြတဲ့ သူတွေ ဖြစ်ပြီး အသီးသီးအောင်မြင်မှုတွေ ရထားတဲ့ သူတွေလည်း ဖြစ်ပါတယ်။

Google

မကြာသေးမီက ဆိုးလ်မြို့ Sogyeok-dong  မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးရဲ့ အဆိုအရ Lee Min Jung က အခွင့်အရေးသာ ရှိခဲ့မယ်ဆိုရင် သူမရဲ့ နာမည်ကြီး သူငယ်ချင်းတွေနဲ့ အလုပ်တွဲလုပ်ချင်ကြောင်း ဆိုလာခဲ့ပါတယ်။ Lee Min Jung က သူမနဲ့ Son Ye Jin ၊ Gong Hyo Jin ၊ Uhm Ji Won ၊ Lee Jung Hyun ၊ Oh Yoon Ah တို့ အတူတူ ခရီးထွက်သွားတုန်းက အဖြစ် အပျက်လေးကို ပြန်ပြောခဲ့ပြီး အတူ တကွနေတုန်းက ပျော်ရွှင်ခဲ့ရတဲ့ အတွေ့အကြုံလေးကို ဝေမျှခဲ့ပါတယ်။

Google

Lee Min Jung က သူမ နဲ့ သူမရဲ့ သူငယ်ချင်းအဖွဲ့က အနုပညာအလုပ်တွေ အတူတူ လုပ်ကြတဲ့ သူတွေ ဖြစ်တာကြောင့် ပရောဂျက်လေးကိုလည်း အတူတူ တွဲလုပ်ချင်ကြောင်း ဆိုလာခဲ့တာဖြစ်ပါတယ်။ ဘယ် လို မျိုး ပရောဂျက်ကို အတူတွဲပြီး လုပ်ချင်လဲဆိုတာကိုတော့ Lee Min Jung က မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ သူမ အနေနဲ့ အလုပ်ချင်ဆုံး ပရောဂျက်လေးကတော့ ခရီးသွားအစီအစဉ်လေး ဖြစ်တယ်လို့ ဆိုပါတယ်။ 

Google
Google

Lee Min Jung က အခွင့်အရေးသာရှိမယ်ဆိုရင် သူငယ်ချင်းတွေနဲ့ အလုပ်အတူတူလုပ်ဖို့ အမြဲ အဆင်သင့် ဖြစ်နေပြီလို့လည်း ဆိုခဲ့ပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသမီး Lee Min Jung က ၁၀ နှစ်ကြာ အနုပညာ လှုပ်ရှားမှုတွေကနေ အနားယူပြီးနောက်မှာ Switch ဆိုတဲ့ ဇာတ်လမ်းနဲ့ ပရိသတ်တွေ ရှေ့ကို တစ်ဖန်ပြန်ပြီး ရောက်ခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။