တောင်ကိုရီးယားမင်းသမီးကြီး Choi Ji-woo ဟာဆိုရင် တစ်ခေတ်တစ်ခါက အချစ်လှေကားထစ်လေးများ ဇာတ်လမ်းနဲ့ အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Choi Ji-woo က အသက် ၄၇နှစ် အရွယ်ရှိနေပြီ ဖြစ်ပေမယ့်လည်း မပြောင်းလဲတဲ့ နုပျိုမှုတွေနဲ့ လက်ဆက်လှပလွန်းနေ သူလေး ဖြစ်ပါတယ်။

Choi Ji-woo က ၂၀၀၀ ဝန်းကျင်ခုနှစ်တွေတုန်းက အလှပဆုံး အမျိုးသမီးအဖြစ် စံသတ်မှတ်ခြင်း ခံခဲ့ရပြီး ပရိသတ်တွေ သဲသဲလှုပ် အားပေးတာကို ရရှိခဲ့တဲ့သူလေး ဖြစ်ပါတယ်။ အလှနတ်ဘုရားမလေးဟာ ၂၀၁၈ ခုနှစ် ၊ မတ်လမှာ သူမထက် အသက် ၉ နှစ်ကြီးတဲ့ ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Choi Ji-woo က လက်ရှိမှာ ဇာတ်လမ်းတွေထဲ သိပ်ပြီး ပါဝင်လေ့ မရှိတော့ပေမယ့် ပွဲအခမ်းအနားတွေထဲမှာတော့ အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

ကလေး နှစ်ယောက် အမေ အသက် ၅၀ ဝန်းကျင်အရွယ် မင်းသမီးကြီး Choi Ji-woo က သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လည်း ပရိသတ်တွေဆီကို အမြဲလိုလို ဝေမျှပေးလေ့ရှိပါတယ်။



ဓာတ်ပုံလေးတွေထဲမှာ Choi Ji-woo က အသက် ၃၀ အရွယ် ချောချော လှလှ ကောင်မလေးတစ်ယောက်လို ဖြစ်နေတာကို အတိုင်းသား တွေ့ရပါတယ်။ ရာသီတွေ နှစ်တွေ အလီလီ ပြောင်းလဲသွားပေမယ့် ချစ်ဖို့ကောင်းနေဆဲ ချောမော နုပျိုနေဆဲ ဖြစ်နေတဲ့ မင်းသမီး Choi Ji-woo ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။