တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင်လေး IU ဟာဆိုရင် မကြာသေးမီက မင်းသား Lee Jong-suk နဲ့ ချိန်းတွေ့နေတာကို အားလုံးပဲ သိပြီးကြမှာပါနော်။ Lee Jong-suk နဲ့ IU တို့ ချိန်းတွေ့နေတဲ့ သတင်းတွေ ထွက်ရှိခဲ့ပြီးနောက်မှာ ပရိသတ်တွေများစွာရဲ့ အချစ်တွေနဲ့ နှစ်ဦးသားရဲ့ဆက်ဆံရေးလေးဟာဆိုရင်လည်း လုံခြုံခဲ့ပါတယ်။ နှစ်ဦးသားရဲ့ အောင်မြင်မှုတွေကလည်းပိုပြီး ကြီးမားခဲ့ပြီး လူအများရဲ့ စိတ်ဝင်စားခြင်းကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ဒီနေ့မှာလည်း IU ရဲ့ သတင်းကောင်းလေးတစ်ခု ထပ်မံထွက်ရှိခဲ့ပါတယ်။

Google
Google

ဇန်နဝါရီလ ၁၀ ရက်နေ့မှာ  Musicow ကနေ ကြေညာခဲ့တဲ့ ‘2022 Magazine’ ရဲ့ အာရုံစိုက်ခံရဆုံး သီချင်းစာရင်းမှာ IU ရဲ့ သီချင်းလည်း ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက စာရင်းသွင်းခဲ့တဲ့ ရှာဖွေမှု အများဆုံး သီချင်းတွေထဲမှာ Merry Christmas In Advance က 117,000 အကြိမ်အရေအတွက်နဲ့ ရှာဖွေမှု အများဆုံးအဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ Lee Sun Hee ရဲ့ Where the love falls သီချင်းနဲ့ ရပ်တည်ခဲ့ပါတယ်။

Google

ရောင်းအားအကောင်းဆုံး သီချင်းတွေ စာရင်းမှာတော့ EXO ရဲ့ Just as usual နဲ့ Colde ရဲ့ I’m In Love တို့က ရပ်တည်ခဲ့ပြီး ပထမနဲ့ ဒုတိယနေရာကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Google

IU  ရဲ့ Merry Christmas In Advance သီချင်းဟာဆိုရင်လည်း အသံပိုင်းမှာရော အောင်မြင်မှုပိုင်းမှာရော ကောင်းမွန်ပြည့်စုံလွန်းခဲ့ပြီး ရှာဖွေမှု အများဆုံး သီချင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။

Google

Idol တော်တော်များများက ရည်းစားရပြီးကြရင် နာမည်ကျဆင်းသွားလေ့ရှိပေမယ့် အဆိုတော်မလေး IU ကတော့ ကြီးကြီးမားမား ပြောင်းလဲသွားခြင်းမျိုးမရှိဘဲ ရှိရင်းစွဲထက်တောင် နာမည်ပိုကြီးပြီး အောင်မြင်လျက်ရှိပါတယ်။ ရည်းစားရပြီးမှ အောင်မြင်မှုတွေ ပိုပြီး တိုးနေတဲ့ တောင် ကိုရီးယား အဆိုတော် သရုပ်ဆောင်မလေး IU ရဲ့ အကြောင်းကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။