New Caledonian ကျီးကန်းတွေဟာ ကျီးကန်းမျိုးနွယ်တွေထဲမှာ ဉာဏ်အကောင်းဆုံးငှက်ဖြစ်ပြီး သူတို့အားလုံးဟာ အခြားငှက်များထက် ဉာဏ်ပိုကောင်းကြပါတယ်။ စမ်းသပ်မှုတစ်ခုမှာဆိုရင် Betty (ဘက်တီ) အမည်ရှိတဲ့ New Caledonia ကျီးကန်းတစ်ကောင်ဟာ သူတို့မျိုးနွယ်အနေနဲ့ ကိရိယာတွေကို ဘယ်လိုမျိုး ထိထိရောက်ရောက် အသုံးပြုနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။


ကျီးကန်းရဲ့ ဉာဏ်ရည်ကို စမ်းသပ်ဖိုအတွက် Oxford တက္ကသိုလ်က သုတေသီတွေဟာ ဘက်တီအတွက် ပြွန်တစ်ခုထဲမှာ အသားတစ်တုံးထည့်ထားခဲ့ပါတယ်။ ဒါပေမယ့် ပြွန်အပေါက်က သူမနဲ့ဘယ်လိုမှ ဆန့်မနေပါဘူး။ အဲ့တာကြောင့် သူမဟာ လှောင်အိမ်ထဲမှာရှိတဲ့ ကြေးနန်းကြိုးအရှည်ကို ယူလိုက်ပြီးတော့ အနီးနားမှာရှိတဲ့ အရာ၀တ္ထုတစ်ခုနဲ့ ကွေးဖို ဆုံးဖြတ်လိုက်ပါတယ်။


ကြေးနန်းကြိုးကို ကွေးလိုက်တဲ့အတွက်ကြောင့် ချိတ်လိုဖြစ်သွားပြီး သူမလည်း ဒီချိတ်နဲ့ ပြွန်ထဲက အစာကိုထုတ်ပြခဲ့ပါတယ်။ ဒီလိုမျိုး ဉာဏ်သုံးပြီး အစာကို ထုတ်နိုင်ပြနိုင်တဲ့အတွက် New Caledonia ကျီးကန်းတွေ အနေနဲ့ ကမ္ဘာပေါ်မှာ ဉာဏ်ကောင်းတဲ့ တိရစ္ဆာန်တွေထဲက တစ်ကောင်ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။

သတင်းအရင်းမြစ်: Animals around the globe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။