တောင်ကိုရီးယားမင်းသမီး Park Shin Hye ရယ် သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ သားလေးတို့ဟာဆိုရင် လက်ရှိမှာ ဟာဝိုင်အီကျွန်းကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ Park Shin Hye တို့မိသားစု ဟာဝိုင်အီကို ရောက်ရှိနေတဲ့ ပုံရိပ်လေးကို ပရိသတ်တွေကိုယ်တိုင်က ဓာတ်ပုံရိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ Park Shin Hye တို့မိသားစုအပြင် သူငယ်ချင်းတွေပါ အုပ်စုလိုက်ကြီး ပါဝင်နေတာကို တွေ့ရပါတယ်။

Google
Google

ဓာတ်ပုံထဲမှာဆိုရင် Park Shin Hye က အဖြူရောင်တီရှပ်လေးကို ဝတ်ထားပြီး ဆံပင်လေးကို ချထားကာ မိတ်ကပ်လည်း လိမ်းထားခြင်းမရှိပါဘူး။ Park Shin Hye က ပရိသတ်တွေနဲ့ အတူ ဓာတ်ပုံရိုက်ခဲ့စဉ်မှာလည်း အရမ်း ပျော်ရွှင်နေပြီး ပြုံးရွှင်နေတယ်လို့ ဆိုပါတယ် ။

Google

Park Shin Hye က ကလေးမွေးထားတာ တစ်နှစ်ကျော် ကြာသွားပေမယ့်လည်း အသားအရည်က နုပျိုနေပြီး ပိုးသားလေးလိုမျိုး နုပျို ချောမောနေဆဲပဲ ဖြစ်ပါတယ်။ဟာဝိုင်အီကျွန်းကို ပျော်ရွှင်စွာရောက်ရှိနေတဲ့ The Heirs မင်းသမီး  Park Shin Hye တို့မိသားစုနဲ့ သူမရဲ့ သူငယ်ချင်းအဖွဲ့ကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Park Shin Hye နဲ့ မင်းသား Choi Tae-joon တို့က ၂၀၂၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သားလေးတစ်ယောက်မွေးကာ သာယာလှပတဲ့ ချစ်စရာမိသားစုလေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။