ထိုင်းမင်းသမီး Mai Davika ကတော့ လက်ရှိပြည်တွင်းမှာသာမကနဲ့ နိုင်ငံတကာမှာလည်း ပရိသတ်တွေ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။ Mai Davika ကတော့ သရုပ်ဆောင်အလုပ်အပြင် မော်ဒယ်လ်နဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေရဲ့ ကိုယ်စားလှယ်အဖြစ်လည်း အသက်မွေးဝမ်းကြောင်းပြုနေသူလေးဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ မင်းသမီးချောလေး Mai Davika ကလည်း မကြာသေးခင်ကမှ သူတို့ရဲ့ကိုယ်ပိုင်သီချင်းဖြစ်တဲ့ "Can I Call You Mind" ဆိုတဲ့ သီချင်းကို ပြည်တွင်းပြည်ပက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူပါ။

မင်းသမီးကတော့ အခုဆို အသက် 30 လောက်ရှိပြီဆိုပေမယ့် အလှအပပိုင်းအရတော့ ချောမောလှပ နေသေးတာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိထားသးလည်းဖြစ်ပါတယ်။ ချောမောလှပတဲ့ ရုပ်ရည်မျိုး ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးကတော့ အနုပညာလောကမှာ ရေပန်းစားတဲ့အပြင် Fashion ပိုင်းမှာလည်း မိမိုက်လွန်းသူလေးလည်း ဖြစ်ပါတယ်။

2023 ခုနှစ် ရောက်တဲ့အခါမှာတော့ Mai ကတော့ သူမရဲ့ဆံပင်ပုံစံကို အတိုအဖြစ်ပြောင်းခဲ့ပါတယ်။ လတ်တလောမှာလည်း အလှမယ်တစ်ယောက်လို ဆံပင်အရှည်ကြီးထားဖူးတာကြောင့် ဆွဲဆောင်မှုရှိတဲ့ သူလေးလို ဖြစ်တဲ့အပြင် အခုလည်း ဆံပင်အတို စတိုင်တဲ့ ပုံစံပြောင်းသွားတာကြောင့် ပရိသတ်တွေက အံ့ဩနေကြတာ ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Popular.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။