တောင်ကိုရီးယားမင်းသား Gong Yoo နဲ့ မင်းသမီး Jung Yu Mi တို့ဟာဆိုရင် မကြာခင်မှာ လက်ထပ်ကြတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိနေပါတယ်။ အဆိုပါသတင်းထွက်လာလာချင်းမှာ အေဂျင်စီတွေဘက်ကနေ အခိုင်အမာ ငြင်းဆိုထားပါတယ်။ သူတို့နှစ်ဦးလက်ထပ်ကြတာ အခုတစ်ခေါက်က ပထမဦးဆုံးတော့မဟုတ်တော့ပါဘူး။

Google

ဇန်နဝါရီလ ၂၀၁၉ ခုနှစ်တုန်းကလည်း Gong Yoo နဲ့ Jung Yu Mi တို့ Shilla Hotel မှာ လက်ထပ်ကြတော့မယ်လို့ သတင်းတွေထွက်ရှိခဲ့ဖူးပါတယ်။ အဆိုပါသတင်းက ချက်ချင်းဆိုသလို ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့ခဲ့ပေမယ့် အေဂျင်စီဘက်က ငြင်းဆန်ခဲ့ပါတယ်။

Google
Google

Gong Yoo နဲ့ Jung Yu Mi တို့က ၂၀၁၁ ခုနှစ်တုန်းက The Crucible နဲ့ ၂၀၁၆ ခုနှစ်တုန်းက Train to Busan ဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Gong Yoo နဲ့ Jung Yu Mi တို့နှစ်ဦးက ၂၀၁၉ ခုနှစ်တုန်းကလည်း Kim Ji-young: Born 1982 ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ။သူတို့ နှစ်ဦးက အေဂျင်စီတူကြတာကြောင့် အရမ်းကို ရင်းနှီးကြတဲ့သူငယ်ချင်းတွေ ဖြစ်ပါတယ်။

Google

အခု တစ်‌ခေါက်မှာလည်း နှစ်ယောက်သား လက်ထပ်ကြတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထပ်ပြီး ပြန့်နှံ့လာတာကြောင့် အေဂျင်စီဘက်ကလည်းတော်တော်လေး စိတ်ညစ်နေပါတယ်။

Google
Google

လက်ရှိမှာ အေဂျင်စီဘက်နေ ငြင်းဆန်ပေးခဲ့ပေမယ့် နောက်ထပ် အလားတူသတင်းတွေ ထပ်မံထွက်ပေါ်လာရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ အေဂျင်စီဘက်က ကြေညာထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။