တောင်ကိုရီးယားမင်းသား Won Bin ခေါ်ထယ်စောက်ဟာဆိုရင် အချိန်အတော်ကြာအောင် အနုပညာအလုပ်တွေကနေပြီး ရပ်နားထားတဲ့သူဖြစ်ပါတယ်။ Won Bin က ဇနီးဖြစ်သူ Lee Na Young နဲ့ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ထားပြီး အနုပညာ လှုပ်ရှားမှုတွေကပါ အနားယူထားတာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ဉီးစလုံးက ဇာတ်လမ်းတွဲတွေထဲပါ ပါဝင် ရိုက်ကူးတော့ခြင်း မရှိတော့မယ့် ဇနီးဖြစ်သူ မင်းသမီး Lee Na Young ရဲ့ Comeback ဇာတ်ကားအသစ်ကို ပြန်လည်မြင်တွေ့ရတော့မယ်လို့ သိရပါတယ်။

Google
Google

မင်းသမီး Lee Na Young က ၄ နှစ်အကြာ ရင်သွေးလေးကို ပြုစုပျိုးထောင်ရင်း အနားယူပြီးနောက်မှာ ဒရမ်မာအသစ်နဲ့ ပွဲဦးထွက်လာဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။ Lee Na Young က အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ကြေညာခဲ့ပေမယ့်လည်း သူမရဲ့ ခင်ပွန်းဖြစ်သူ Won Bin ကတော့ ဆယ်စုနှစ်ကျော်စွာ တည်ငြိမ်နေဆဲပဲ ဖြစ်ပါတယ်။ Won Bin က  ၂၀၁၀ ခုနှစ်တုန်းက The Man from Nowhere ဇာတ်လမ်းရိုက်ကူး အပြီးမှာ ဇာတ်လမ်းတွဲရိုက်ကူးမှုကနေ အနားယူထားတာဖြစ်ပါတယ်။ Won Bin တစ်ယောက် အနုပညာအလုပ်တွေကနေ ရပ်နားထားတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေက “ မင်းသား မဟုတ်ဘူးလား .. ရုပ်ရှင်ရိုက်ရမှာပေါ့ ..” “အခုခေတ်ခေတ်ကလေးတွေ Won Bin က ဘယ်သူလဲဆိုတာတောင် မသိကြတော့ဘူး” စသဖြင့် ဝေဖန်ချက်တွေတောင်ရှိခဲ့ပါတယ်။

Google
Google

ခင်ပွန်းဖြစ်သူကို အနုပညာ အလုပ်တွေထဲမှာ သိပ်ပြီး မတွေ့ရတော့ပေမယ့် Lee Na-young ကတော့ Beautiful Days ၊ Romance is a Bonus Book ဇာတ်လမ်းတွဲတွေထဲမှာ ဆက်လက်ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။

Google
Google

Won Bin က နှစ်ပေါင်း ၁၃ နှစ်တိုင်အောင် အနုပညာ အလုပ် တွေ ရပ်နားထားပေမယ့်လည်း ကြော်ငြာသရုပ်ဆောင် အဖြစ် ထည်ထည်ဝင်တင်ကို ဆက်လက်ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။