တောင်ကိုရီးယားမင်းသား Lee Do Hyun တစ်ယောက် မင်းသမီး Song Hye Kyo ကို ခေါ်တဲ့ အသုံးအနှုန်းလေးက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အခုအကြောင်းအရာကို The Glory ဇာတ်လမ်းတွဲရဲ့ behind-the-scenes ‌တွေကို  ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတို့က ဆွေးနွေးခဲ့ကြရင်း ပြောခဲ့ကြတာဖြစ်ပါတယ်။  အင်တာဗျူးရဲ့အစမှာ သရုပ်ဆောင်တွေအားလုံးက ဇာတ်လမ်းရဲ့ အကြောင်းအရာလေးတွေကို ဝိုင်းဆွေးနွေးခဲ့ကြပြီး ချိုမြိန်မှုလေးတွေကို အစပြန်ဖော်ခဲ့ကြပါတယ်။

Google
Google
Google

အင်တာဗျူးရဲ့ အလယ်လောက်မှာ Lee Do Hyun တစ်ယောက် Song Hye Kyo ကို ခေါ်တဲ့ အသုံးအနှုန်းလေး အကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးနေစဉ်ကာလမှာ မင်းသား Lee Do Hyun က  Song Hye Kyo ကို “မမ” လို့ ရင်းနှီးစွာနဲ့ ခေါ်ဝေါ်ခဲ့တယ်လို့ သိရပါတယ်။ Lee Do Hyun နဲ့ Song Hye Kyo တို့က အသက် ၁၄ နှစ် ကွာခြားတာကြောင့် ကိုယ့်ရဲ့ စီနီယာတစ်ယောက်ကို ယဉ်ကျေးမှု ရှိရှိ ခေါ်ခဲ့တာကြောင့်လည်း Song Hye Kyo ကို ချီးကျူးနေကြပါတယ်။

Google
Youtube
Google

မင်းသား Lee Do Hyun က ၂၀၁၇ ခုနှစ်မှာ ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး Song Hye Kyo က ၁၉၉၆ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ စီနီယာဖြစ်ပါတယ်။

Google

သူတို့နှစ်ဦးက ဇာတ်ကားရိုက်ကူးနေစဉ်မှာလည်း အရမ်းကို ခင်မင်ရင်းနှီးခဲ့ကြသူတွေဖြစ်ပါတယ်။ Lee Do Hyun ရဲ့ ခွေးလေး Gaeul ကိုလည်း Song Hye Kyo က အရမ်းချစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။