တောင်ကိုရီးယားမင်းသမီး Song Hye Kyo ပါဝင်သရုပ်ဆောင်ထားတဲ့ The Glory ဇာတ်လမ်းဟာဆိုရင် လက်ရှိမှာ တဟုန်ထိုးနာမည်ကြီး အောင်မြင်လျက်ရှိပါတယ်။ The Glory က နာမည်ကြီးပြီး များစွာ အောင်မြင်မှုတွေ ရရှိနေတဲ့ ဇာတ်လမ်းဖြစ်ပြီး အထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ချက်က များစွာ ကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေ Season 2 ကို အသည်းအသည်စောင့်မျှော်နေကြတာဖြစ်ပါတယ်။

Google

The Glory ထဲမှာ Song Hye Kyo ကို လိုက်ပြီးတိုက်ခိုက်နေတဲ့ ဗီလိန်သရုပ်ဆောင် မင်းသမီးရဲ့ ချမ်းသာတဲ့ ခင်ပွန်းဖြစ်သူဖြစ်တဲ့ မင်းသား Jung Sung Il ဟာဆိုရင်လည်း ပရိသတ်တွေ ကြားမှာ လူပြောများနေခဲ့ပါတယ်။ Jung Sung Il က အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့သူဖြစ်ပါတယ်။

Google

ပရိသတ်တွေကို ပိုပြီး အံ့ဩမိစေခဲ့တာကတော့ Jung Sung Il က The Glory အတွက် ကြောက်ခမန်းလိလိ ခန္ဓာကိုယ်ပြောင်းလဲမှုကြီးကို လုပ်ခဲ့ပါတယ်။

Google
Google

 Jung Sung Il က ဇူလိုင် ၁၆ ရက်နေ့ကနေ စက်တင်ဘာ ၁၀ ရက်နေ့အထိ ၈ ပတ်တိတိ personal trainer မပါဘဲ ကြွက်သားတွေ တောင့်တင့်ခိုင်မာအောင် လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။ Jung Sung Il က နေ့တိုင်းနေ့တိုင်း ၂ နာရီကနေ ၃ နာရီအထိ မနားတမ်းလေ့ကျင့်ခဲ့ပြီး အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ရလာဒ်အနေနဲ့ အချိန်တိုအတွင်းမှာ ကြီးမာတဲ့ ပြောင်းလဲမှုကြီးကို ရရှိခဲ့တာကြောင့် ပရိသတ်တွေ များစွာက Jung Sung Il ကို အံ့ဩနေကြပါတယ်။

Google
Google

ဇာတ်လမ်းတွဲအတွက် အကောင်းဆုံး ပြောင်းလဲမှုကြီးကို ဆောင်ရွက်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Jung Sung Il ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။