လက်ရှိမှာ IU နဲ့ တောင်ကိုရီးယားမင်းသား Lee Jong-suk တို့ရဲ့အချစ်ရေး သတင်းဟာ ပရိသတ်တွေကြားမှာစိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ 

Google

အဆိုပါသတင်းနဲ့အတူ ထပ်မံနာမည်ကြီးလာတာက IU ရဲ့ ရည်းစားဟောင်းအဖြစ် လူသိများခဲ့ဖူးတဲ့ မင်းသား Lee Hyun Woo ပဲ ဖြစ်ပါတယ်။ IU နဲ့ Lee Hyun Woo တို့က လွန်ခဲ့တဲ့ ၉ နှစ်တုန်းက ညဘက် ရုပ်ရှင်အတူတူကြည့်ဖူးကြပြီး အတူတူလျှောက်လည်ဖူးကြတဲ့ သူတွေဖြစ်ပါတယ်။  အဲဒီအချိန်တုန်းကလည်း IU နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက်မှာ မင်းသား Lee Hyun Woo ရဲ့ ပထမဦးဆုံး ဇာတ်လမ်းက ၈ ရက်တည်းနဲ့ ကြည့်ရှူသူ၁ သန်းကျော်သွားခဲ့ပါတယ်။ 

Google

၂၀၁၇ ခုနှစ်မှာ Lee Hyun-woo က စစ်တပ်ထဲ ဝင်ခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ အားလုံးကနေ အနားယူခဲ့ပါတယ်။သူတို့နှစ်ဦးကတော့ ချစ်သူတွေမဟုတ်ကြဘဲ အခင်ဆုံး သူငယ်ချင်းတွေလို့ ပြောခဲ့ကြပေမယ့် ပရိသတ်တွေကတော့ မယုံကြည်ခဲ့ကြပါဘူး။ 

Google

မင်းသား Lee Hyun-woo  က အချိန်အတော်ကြာ အနားယူပြီးနောက်မှာ မကြာသေးမီက Money Heist: Korea – Joint Security Area ဇာတ်လမ်းတွဲမှာ ပါခဲ့ပါသေးတယ်။ 

Google

Lee Hyun-woo ကို ပရိသတ်တွေက The Liar and His Lover ဇာတ်လမ်းနဲ့ လူသိများခဲ့ပြီး IU နဲ့ ရင်းနှီးသူအဖြစ်လည်း သိကျွမ်းကြပါတယ်။ 

Google
Google
Google

Lee Hyun-woo ပါဝင်ရိုက်ကူးထားတဲ့ I Love You Today ဇာတ်လမ်းကိုလည်း မကြာခင်မှာ ထုတ်လွှင့်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။