Netflix စီးရီးတစ်ခုဖြစ်တဲ့ The Glory ရဲ့ ဇာတ်ညွှမ်းရေးဆရာမဖြစ်တဲ့ Kim Eun Sook ဟာဆိုရင် The Glory  ဇာတ်လမ်းပုံစံနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုလေးတစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။ 

Google

အဆိုပါအကြောင်းအရာလေးကို “[The Glory] Commentary & Reaction” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့  Netflix Korea ရဲ့ official YouTube channel လေးမှာ တင်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ ဒါရိုက်တာ Ahn Gil Ho စာရေးဆရာKim Eun Sook  တို့နဲ့အတူ, Song Hye KyoLim Ji YeonLee Do Hyun, Lim Ji Yeon, နဲ့ Yum Hye Ran တို့ကဇာတ်ကားနောက်နောက်ကွယ်က အကြောင်းအရာလေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

Google

စာရေးဆရာမ Kim Eun Sook က Lee Do Hyun ကို Song Hye Kyo အတွက် မင်းသားလေးတစ်ပါးဆိုတာထက်ဓားတစ်ချောင်းအဖြစ် ရှိပေးတဲ့ ယောကျာ်းပီသတဲ့ ကောင်လေးလို့ အမွှန်းတင်ပေးထားပါတယ်။ The Glory ထဲမှာSong Hye Kyo ရဲ့ Lee Do Hyun အပေါ် အေးစက်မှုတွေကိုလည်း အရွှန်းဖောက်ပြီး ရယ်မောခဲ့ကြပါတယ်။ 

Google

Lee Do Hyun  က The Glory က သွေးထွက်သံယိုနဲ့ ရက်စက်ပြီး ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းဆိုပေမယ့် သူ့နဲ့ Song Hye Kyo  ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ အရမ်းချိုမြိန်ပြီး ရိုမန့်တစ်ဆန်လွန်းတယ်လို့ ဆိုပါတယ်။ Song Hye Kyo  နဲ့ သူနဲ့ ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းတိုင်းက ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေး ရိုက်နေသလို စိတ်ထဲ ခံစားခဲ့ရတယ်လို့ Lee Do Hyun   က ဆိုပါတယ်။ 

Google

နောက်ဆုံးအနေနဲ့ Lee Do Hyun က စိတ်ထဲ ကလိကလိဖြစ်သွားစေမယ့် စကားလေး တစ်ခွန်းကို ထပ်ဆောင်းပြောခဲ့ပါတယ်။ အဲဒါကတော့ ဒါရိုက်တာကြီးဘက်က သာ မတားခဲ့ရင် အပိုင်း ၄ က အနမ်းဇာတ်ဝင်ခန်းနဲ့ အဆုံးသတ်မှာလို့ဆိုပါတယ်။ 

Google
Google

အနမ်းဇာတ်ဝင်ခန်း မဖြစ်ခဲ့ရပေမယ့်လည်း သူ့အနေနဲ့တော့ Song Hye Kyo   နဲ့ အကောင်းဆုံးစုံတွဲအဖြစ် အဆုံးသတ်နိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်း Lee Do Hyun က ဆိုခဲ့ပါတယ်။

Google

ချစ်ဖို့ကောင်းလွန်းလှတဲ့ The Glory ဇာတ်လမ်းတွဲရဲ့ နောက်ကွယ်က ချစ်စရာ အဖြစ်အပျက်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။