တောင်ကိုရီးယားမင်းသား Joo Sang Wook နဲ့ မင်းသမီး Cha Ye Ryun တို့ဟာဆိုရင် ၂၀၁၇ ခုနှစ်က လက်ထပ်ခဲ့ကြပြီး ပျော်ရွှင်စရာ မင်္ဂလာဆောင်လေးကို ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ချစ်စရာသမီးလေးတစ်ယောက် ရရှိပိုင်ဆိုင်ထားပြီး မပြောင်းလဲတဲ့ ချစ်ခြင်းတွေနဲ့ ပျော်ရွှင်ကြည်နူးနေကြဆဲပဲ ဖြစ်ပါတယ်။


Joo Sang Wook နဲ့ Cha Ye Ryun တို့ရဲ့ သမီးဦးလေးက လက်ရှိမှာ ၅ နှစ်ကျော်အရွယ်တောင်ရှိနေပြီးအရွယ်ရောက်နေပေမယ့် ဖေဖေ နဲ့ မေမေတို့ကတော့ ကြင်စဦးလေးတွေလိုမျိုး ချစ်ခင်ကြင်နာနေဆဲပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အိမ်ထောင်သက် ၆ နှစ်ရှိသွားကြပြီဖြစ်ပြီး လက်ရှိအချိန်အထိ ပွဲအခမ်းအနားတွေ အတူတူတွဲပြီးတက်ရောက် နေကြဆဲပဲ ဖြစ်ပါတယ်။ လူမှုကွန်ရင်စာမျက်နှာပေါ်မှာလည်း သူတို့ နှစ်ဦးရဲ့ ချစ်ကြည်နူးစရာပုံရိပ်လေးတွေကို ရင်ဖိုစရာလေး တွေ့ရပါတယ်။


Joo Sang Wook နဲ့ Cha Ye Ryunတို့က မပြောင်းလဲတဲ့ချစ်ခြင်းတရားနဲ့ လက်ရှိအချိန်အထိ ချစ်ခြင်းတွေ မလျော့ကြပေမယ့် သူတို့တွေရဲ့ အနုပညာ အလုပ်တွေကိုတော့ ခပ်ကြဲကြဲလေး တွေ့လာရပါတယ်။


ပရိသတ်တွေ ရင်ထဲမှာသည်းသည်းလှုပ် အားပေးခဲ့ရတဲ့ တစ်ချိန် က နာမည်ကြီး သရုပ်ဆောင် နှစ်ဦးရဲ့ ကြည်နူးဖွယ် ချစ်မှုရေးရာလေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။