တောင်ကိုရီးယားမင်းသား Lee Jong-suk နဲ့ အဆိုတော် သရုပ်ဆောင်လေး  IU တို့ဟာဆိုရင် အချင်းချင်း ချစ်ခြင်းမေတ္တာရှိနေကြတဲ့ အကြောင်းကို တိုက်ရိုက် အသိပေးခဲ့တဲ့ စုံတွဲလေးဖြစ်ပါတယ်။  ပရိသတ်တွေ အားပေးမှုကို အများကြီး ရရှိနေတဲ့ သူတို့ စုံတွဲလေးကို လက်ရှိမှာ အားကျနေတဲ့သူတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ 

Google

Lee Jong-suk ရဲ့ ချစ်သူကောင်မလေးဖြစ်တဲ့ IU ဟာဆိုရင်လည်း ရည်းစားရပြီးနောက်မှာ ပထမဦးဆုံးအနေနဲ့ကံကောင်းခြင်း သတင်းကောင်းလေးတစ်ခုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီသတင်းကောင်းလေးကတော့ IU ကမတ်လမှာ ကျင်းပမယ့် Asian Film Awards ဆုပေးပွဲမှာ Rookie of the Year အဖြစ် စံကာတင်ရွေးချယ်ခြင်း ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ 

Google

Asia Film Awards ကို Hong Kong International Film Festival Society က ကြီးမှူး ကျင်းပတာဖြစ်ပြီး ၂၀၀၇ ခုနှစ်ကတည်းက စတင် ကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဆုပေးပွဲမှာ အာရှနိုင်ငံ ၂၂ နိုင်ငံက ဇာတ်လမ်းတွေကိုရွေးချယ်ပြီး ဆုပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ စံကာတင်ထဲမှာ ပါဝင်ခဲ့တဲ့ တောင်ကိုရီးယား ဇာတ်လမ်းတွဲတွေက Decision to Leave ၊ Broker ၊ Emergency Declaration ၊ Alienoid နဲ့  The Apartment With Two Women တို့ ဖြစ်တယ်လို့ သိရပါတယ်။ 

Google

အဲဒီထဲကမှ IU ဟာဆိုရင်လည်း Broker ဇာတ်လမ်းနဲ့ Rookie of the Year ဆုအတွက် စံကာတင် စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ IU လေး အတွက် များစွာ ဂုဏ်ယူနေပြီး မင်းသား Lee Jong-suk ရဲ့အချစ်တွေကြောင့် IU လေး ကံကောင်းရတာလို့ ဆိုထားကြပါတယ်။ ချစ်ဖို့ကောင်းတဲ့ စုံတွဲလေးရေ .. တစ်ယောက်အပေါ်တစ်ယောက် နားလည်မှု အပြည့်နဲ့ ထာဝရ ရွှေလက်တွဲ မြဲနိုင်ပါစေနော်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။