The Glory ထဲမှာ Song Hye Kyo နဲ့ အတူတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Shin Ye Eun နဲ့ Lim Ji Yeon တို့ဟာဆိုရင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို များစွာ ရရှိနေခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးက The Glory ဇာတ်လမ်းထဲမှာ ဗီလိန်နေရာကနေ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး Song Hye Kyo ရဲ့ ရန်ဘက် ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ မင်းသမီး Shin Ye Eun နဲ့ Lim Ji Yeon တို့ နှစ်ယောက်စလုံးက ကောင်းမွန်ထိမိတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတာဖြစ်ပါတယ်။

Google

The Glory ထဲမှာ နှစ်ဦးစလုံးက Park Yeon Jin ရဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ Shin Ye Eun က လူငယ်ဘဝ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး Lim Ji Yeon ကတော့ လူကြီးနေရာကနေ သရုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။ Shin Ye Eun က ပုံမှန်ဆိုရင် တောက်ပပြီး စိတ်ကောင်းရှိတဲ့ ဇာတ်ကောင်လေးတွေမှာသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ The Glory က တော့ သူမ ဘဝ မှာ ပထမဦးဆုံး ဗီလိန်ဇာတ်ကောင်နေရာက‌နေ ပါဝင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသမီး Lim Ji Yeon က ၂၀၁၀ ခုနှစ်မှာ အနုပညာ လမ်းကြောင်းထက်ဆီကို ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ Obsessed ဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။ သူမကိုလည်း စိတ်ထားကောင်းတဲ့ ဇာတ်ကောင်တွေမှာသာ အတွေ့များပြီး ဗီလိန်ဇာတ်ကောင်တွေနဲ့ မြင်တွေ့ရခဲပါတယ်။

Google

Lim Ji Yeon နဲ့ Shin Ye Eun တို့က လက်ရှိမှာ များစွာ နာမည်ကြီးကာ အောင်မြင်မှုတွေ သိမ်းပိုက်ရရှိနေပြီး Song Hye Kyo ကိုတောင် ကျော်တက်ကာ စိတ်ဝင်စားမှုခံနေရတာဖြစ်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။