တောင်ကိုရီးယား နာမည်ကျော်ဒါရိုက်တာကြီး Lee Eung Bok ဟာဆိုရင် Song Hye Kyo နဲ့ Han So Hee တို့ နှစ်ဦးပါဝင်သရုပ်ဆောင်မယ့် ဇာတ်လမ်းတွဲကနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလော အနေနဲ့ ဒါရိုက်တာကြီး Lee Eung Bok တစ်ယောက် Song Hye Kyo နဲ့ Han So Hee တို့ ဇာတ်လမ်းဖြစ်တဲ့ The Price of Confession စီးရီးထဲကနေ နှုတ်ထွက်သွားတဲ့ သတင်းက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။

Google

YTN Star coverage က နေ ဇန်နဝါရီလ ၃ ရက်နေ့တုန်းက ထုတ်ပြန်ခဲ့တဲ့သတင်းအရ ဒါရိုက်တာ Lee Eung Bok က သူ့ရဲ့ တစ်ဖက်တည်း ဆုံးဖြတ်ချက်နဲ့ The Price of Confession စီးရီးကနေ နှုတ်ထွက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ နှုတ်ထွက်သွားရတဲ့ အကြောင်းအရင်းက Netflix ရဲ့ Sweet Home ” season 2 နဲ့ 3 က စီစဉ်ထားတာထက်ပိုပြီးကြာနေတာကြောင့် ဒါရိုက်တာကြီး ကိုယ်တိုင်က မအားမလပ်ဖြစ်နေပြီး သူ့ရဲ့ အချိန်စာရင်းတွေကို မစီစဉ်နိုင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ The Price of Confession ဇာတ်လမ်းတွဲအတွက် ဒါရိုက်တာ အသစ်ကို ရှာဖွေနေဆဲဖြစ်ပြီး ဒါရိုက်တာ အသစ်ကို အတည်ပြုမယ့် အချိန်ကိုလည်း ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

Google
Google

The Price of Confession ဇာတ်လမ်းတွဲအတွက် နာမည်ကြီး မင်းသမီးတွေဖြစ်တဲ့ Song Hye Kyo နဲ့ Han So Hee တို့က သရုပ်ဆောင်သွားမှာဖြစ်ပြီး ရိုက်ကူးရေး အချိန်နဲ့ ဇာတ်လမ်းတွဲ ထုတ်လွှင့်မယ်ရက်ကိုတော့ သီးခြား အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

Google

ဒါရိုက်တာကြီးကပါ နှုတ်ထွက်သွားတာကြောင့် ဇာတ်လမ်းတွဲ ကြာချိန်က ထင်ထားတဲ့ အချိန်ထက် ပိုပြီး ကြာကောင်းကြာနိုင်မှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ နာမည်ကြီး ဇာတ်လမ်းလေးရဲ့ စိတ်မကောင်းဖွယ်သတင်းလေးကို ပရိသတ်ကြီး ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။