တောင်ကိုရီးယားမင်းသား IU နဲ့ Lee Jong Suk တို့ဟာဆိုရင် ၂၀၂၃ ခုနှစ်ရဲ့ ပရိသတ် သဘောအတူဆုံး စုံတွဲ အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။  သူတို့နှစ်ဦးရဲ့ ပုံရိပ်က လက်ရှိမှာ စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပြီး ပရိသတ်တွေရဲ့ အားပေးမှု ပါ များစွာ ရရှိနေပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းက KBS2 variety show ဖြစ်တဲ့ Entertainment Company Live ရဲ့ ထုတ်ပြန်ချက်အရ IU က မကြာသေးမီအချိန်က ဂန်းနမ်းမှာရှိတဲ့ “Eterno Cheongdam” မှာ ဇိမ်ခံအဆောက်အဉီကြီးကို ဝယ်ယူခဲ့ပါတယ်။

Google
Google

Naver ရဲ့ ဖော်ပြချင်အရ အဆိုပါ အိမ်ကြီးက IU နဲ့ Lee Jong Suk တို့ နှစ်ဦးလက်ထပ်ဖြစ်ခဲ့ရင် အတူတူနေဖို့ အိမ်ကြီး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း Hyun Bin နဲ့ Son Ye Jin တို့က လူသိရှင်ကြားတွဲပြီး သူတို့ရဲ့ မင်္ဂလာဦးမှာ နေဖို့အတွက် ဇိမ်ခံ အဆောက်အဦးကြီးကို ဝယ်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း ပရိသတ်တွေရဲ့ ခန့်မှန်းချက် မှန်ကန်ခဲ့တာကြောင့် အခုတစ်ခေါက်လည်း မှန်ကန်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Google
Google
Google

 “Eterno Cheongdam” အဆောက်အဦ မှာရှိတဲ့ ဈေးအကြီးဆုံး penthouse ကြီးက အမေရိကန်ဒေါ်လာ ၂၆.၅ သန်း တန်ကြေးရှိနေတဲ့အချိန်မှာ IU ဝယ်ယူခဲ့တဲ့ အိမ်ကြီးက ၁၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉.၉ သန်း) သာရှိတယ်လို့ သိရပါတယ်။ IU က အဆိုပါ အိမ်ကြီးတစ်ခုလုံးကို ငွေသားနဲ့ ရှင်းခဲ့တာဖြစ်ပါတယ်။ အဆိုတော်မလေး IU က လက်ရှ်မှာလည်း Raemian Caelitus လို့ခေါ်တဲ့ အိမ်ကြီးမှာ နေထိုင်လျက်ရှိပါတယ်။ အဆိုပါ အိမ်ကြီးကနေ ဟန်မြစ်ကြီးကို ထင်ရှားစွာ မြင်တွေ့ရပြီး Yongsan စီရင်စုမှာရှိတဲ့ အမြင့်မားဆုံး အဆောက်အအုံကြီး ဖြစ်တယ်လို့ သိရပါတယ်။

Google
Google

IU က အနုပညာလောကထဲကို အသက် ၁၅ နှစ်အရွယ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အဆောက်အဉီးများစွာကို ပိုင်ဆိုင်နေတဲ့ သူဠေးမလေးတောင် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ အလုပ်အကိုင်တည်တည်ငြိမ်ငြိမ်နဲ့ ဘဝကြီးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ IU လေးနဲ့ မင်းသား Lee Jong Suk တို့သာ လက်ထပ်သွားခဲ့ရင်တော့ သူတို့နှစ်ဦးသားဘဝက ရွှေရွှေချင်းထပ်ပြီး မြတ် လာမှာပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။