တောင်ကိုရီးယားမင်းသား Song Jong Ki  ဟာဆိုရင် မကြာသေးမီက ချစ်သူအသစ်ကို လူသိရှင်ကြား ကြေညာလိုက်တာကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်မှု မြင့်တက်နေခဲ့တာဖြစ်ပါတယ်။ Song Jong Ki  ရဲ့ ချစ်သူ က ကိုရီးယားလူမျိုးမဟုတ်ဘဲ ဗြိတိန်လူမျိုး ဖြစ်နေတာကြောင့်လည်း ပရိသတ်တွေကြားမှာ ပိုပြီး ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ Song Jong Ki  ရဲ့ ချစ်သူက လူလွတ်တစ်ယောက်မဟုတ်ဘဲ ကလေး အမေ တစ်ယောက်ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း သို့လော သို့လော ထွက်ရှိခဲ့ပါတယ်။ 

Google

လတ်တလော ထွက်လာတဲ့ သတင်းတွေအရ Song Jong Ki  ရဲ့ ချစ်သူ မင်းသမီး Katy Louise Saunders  ရဲ့သမီးလို့ လူသိများနေသူလေးက သူမရဲ့ သမီး မဟုတ်ဘဲ သူငယ်ချင်းရဲ့ သမီးဖြစ်တယ်လို့ သိရပါတယ်။ Katy Louise Saunders  က သူငယ်ချင်းဖြစ်သူရဲ့ သမီးလေးကို အကြောင်းတစ်ခုကြောင့် God Mother အနေနဲ့ စောင့်ရှောက်ပေးနေတဲ့သူဖြစ်ပြီး ပရိသတ်တွေ ထင်ထားသလို Single Mother တစ်ယောက် မဟုတ်ဘူးလို့လည်း သိရပါတယ်။ 

Google
Google

Katy Louise Saunders  မှာ စေ့စပ်ခဲ့ဖူးတဲ့သူရှိပေမယ့်လည်း လက်ရှိ အချိန်အထိ လက်ထပ်ခဲ့ဖူရတဲ့ မှတ်တမ်းတော့ မရှိသေးပါဘူး ။ 

Google
Google

လတ်တလော သတင်းတွေအရ Katy Louise Saunders  က မဟုတ်မမှန် သတင်းတွေနဲ့ပရိသတ်တွေရဲ့ ဝေဖန်တိုက်ခိုက်ခြင်းတွေကို များစွာရရှိနေပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။