တောင်ကိုရီးယားမင်းသား Lee Jong Suk ဟာဆိုရင် ချစ်ရသူလေး IU ရဲ့ Meaning of You သီချင်းကို IU အတွက် ရည်ရွယ်ပြီး ကိုယ်တိုင်ကိုယ်ကျ သီဆိုပေးခဲ့ဖူးပါတယ်။ Lee Jong Suk က အဆိုပါ သီချင်းကို လွန်ခဲ့တဲ့ ၄ လ ကတည်းက စင်မြင့်ထက်မှာ သီဆိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ဒါ‌ ကြောင့် သူတို့နှစ်ဉီးကို အဲဒီအချိန်ကတည်းက တွဲနေကြတာလို့ ခန့်မှန်းထားကြပါတယ်။

Google
Google

Dispatch ကိုယ်တိုင်ကလည်း Lee Jong Suk ဟာဆိုရင် ချစ်ရသူလေး IU တို့ တွဲနေကြတာ လွန်ခဲ့တဲ့ ၄ လ ကတည်းက ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပရိသတ်တွေက IU နဲ့ Lee Jong Suk တို့ နှစ်ဉီး နေရာမတူတဲ့ဆီမှာ အချိန်တစ်ချိန်တည်း Meaning of You သီချင်း သီဆိုခဲ့တာကို တွေ့ရှိခဲ့ကြပြီး နှစ်ဦးသား ချစ်နေကြတာ ကြာပြီဆိုတာကို ခန့်မှန့်ထားကြပါတယ်။

Google

IU က Lee Jong Suk ရဲ့ ညီလေး မင်္ဂလာဆောင်မှာလည်း Meaning of You သီချင်းကို ပါဝင် ဖျော်ဖြေပြီ ပြီး သီဆိုခဲ့ပါသေးတယ်။ပရိသတ်တွေကတော့ Lee Jong Suk အဆိုပါ သီချင်းကို သီဆိုခဲ့ကတည်းက ခိုင်မာတဲ့ ဆက်ဆံရေး တစ်ခု ရှိနေကြမယ်ဆိုတာကို ယုံကြည်နေကြပါတယ်။

Youtube

Lee Jong Suk နဲ့ IU တို့က အင်တာတိန်းမန့် အစီအစဉ်လေးတွေမှာ မကြာခဏ ပါဝင်ခဲ့ကြပြီးချစ်သူတွေအဖြစ် အဆင့်တက်ခဲ့ကြတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။