တောင်ကိုရီးယားမင်းသမီး Song Hye Kyo ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ The Glory ဇာတ်လမ်းဟာဆိုရင် ခိုင်မာကောင်းမွန် ပြတ်သားလွန်းလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိနေပါတယ်။ Song Hye Kyo ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေတင်မကဘဲ Forbes မဂ္ဂဇင်းကိုယ်တိုင်က ချီးကျူးပေးထားတာကို ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်။ အခုအကြောင်းအရာကို ဇန်နဝါရီလ ၁ ရက်နေ့တုန်းက Forbes မဂ္ဂဇင်းဘက်ကနေ The Glory ဇာတ်လမ်းထဲက Song Hye Kyo ရဲ့ သရုပ်ဆောင်ချက်တွေအတွက် မှတ်ချက်ဝင်ရေးပေးခဲ့ရင်း သိရှိခဲ့တာဖြစ်ပါတယ်။

Google

The Glory ဇာတ်လမ်းက ကျောင်းတွင်း အနိုင်ကျင့်မှုကို ကြောက်ခမန်းလိလိ ခံစားခဲ့ရတဲ့ အမျိုးသမီးတစ်ယောက် ရဲ့ ကလဲ့စားချေမှု အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ The Glory ဇာတ်လမ်းထဲမှာ Song Hye Kyo က Moon Dong Eun နေရာကနေ သရုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ကျောင်းတွင်းအနိုင်ကျင့်မှု အကြောင်းကို လက်တုံ့ပြန်တဲ့ အခန်းကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရက်စက်မှုတွေအပြည့်နဲ့ ကြောက်ဖို့ကောင်းလွန်းလှတဲ့ လူသားတွေကြားမှာ ရှင်သန်ခဲ့တဲ့ Moon Dong Eun ရဲ့ ပုံရိပ်ကို စိတ်မကောင်းဖွယ် ၊ နာကျည်းမွန်းကျပ်ဖွယ် ၊ ဖော်ညွှန်းနိုင်ခဲ့တဲ့ Song Hye Kyo ကြောင့် ပရိသတ်တွေ များစွာကပါ မျက်ရည် ကျခဲ့တဲ့အထိ ဖြစ်ခဲ့ကြပါတယ်။

Google
Google

Song Hye Kyo က သရုပ်ဆောင် ပီပြင်ကောင်းမွန်လွန်းတာကြောင့် Forbes မဂ္ဂဇင်း ကိုယ်တိုင်က ချီးကျူးခဲ့ပြီး သူမနေရာမှာ အခြားသူသာဆိုရင် ဇာတ်လမ်းကိုတောင် ထိန်းနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ Song Hye Kyo က The Glory ထဲမှာ အိုမင်း ပင်ပန်းနေတဲ့ အမျိုးသမီးတစ်ယောက် အသွင် သရုပ်ဆောင်ခဲ့တာကြောင့် အလှအပအတွက်ပါ ဘာမှ မပြုလုပ်နိုင်ခဲ့ပါဘူး။ မြင်နေကြပုံစံနဲ့ ထူးထူးခြားခြား ကွဲထွက်နေပြီး အသက်ကြီးတဲ့ ပုံစံ ပေါက်အောင် ပြင်ဆင်ခဲ့ပေမယ့်လည်း Song Hye Kyo ရဲ့ မူရင်း အလှတွေကတော့ ပျောက်ကွယ် မသွားခဲ့ပါဘူး။

Google

The Glory ဇာတ်လမ်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပြီး လက်ရှိမှာ Netflix ရဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ အဖြစ် ရပ်တည်လျက်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။