တောင်ကိုရီးယားမင်းသား Lee Jong-suk ဟာဆိုရင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ 2022 MBC Drama Awards ဆုပေးပွဲမှာ Big Mouth ဇာတ်လမ်းနဲ့ “daesang” (grand prize) ဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။
Lee Jong-suk က ဆုပေးပွဲမှာ ကျေးဇူးတင်ကြောင်းပြောရင်း သူ့မှာ ချစ်သူရှိနေပြီဆိုတဲ့ အကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့ပါတယ်။ Lee Jong-suk က ချစ်သူအကြောင်း ထုတ်ဖော်လိုက်ချင်းမှာပဲ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေက သူတို့ရဲ့ အချစ်ရေးကို များစွာ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ Lee Jong-suk ရဲ့ ချစ်သူက အဆိုတော် ၊ သရုပ်ဆောင်လေး IU ဆိုတာကို Dispatch က တရားဝင်ထုတ်ပြန်လိုက်ပြီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးသားက တွဲနေတာ ၄ လရှိပြီလို့ သိရပြီး မကြာသေးမီက ခရစ်စမတ်ပွဲတော် ကာလမှာလည်း ဂျပန် နိုင်ငံကို အတူတူ ခရီးထွက်ခဲ့ကြတယ်လို့ သိရပါတယ်။
လေဆိပ်မှာ စုံတွဲ ခရီးအတူတူ ထွက်ခဲ့ကြတဲ့ တောင်ကိုရီးယား မင်းသား Lee Jong-suk နဲ့ IU တို့ရဲ့ dating news လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ နှစ်ယောက်စလုံးက အချစ်တော်တွေပါ..မင်မင်တော့ကျန်ရစ် ဖြစ်ပါပြီ ..?
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။