တောင်ကိုရီးယားမင်းသား Lee Yi-kyung နဲ့ မင်းသမီး Lee Mi-joo တို့ကြားမှာ ထူးခြားတဲ့ ဆက်ဆံရေးတွေ ရှိနေတယ်ဆိုတဲ့ သတင်းက လက်ရှိမှာ များစွာ ပြန့်နှံ့နေခဲ့ပါတယ်။ အခုအကြောင်းအရာက ၂၀၂၂ ခုနှစ် MBC Entertainment Awards ဆုပေးပွဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် ဖြစ်ပါတယ်။ အဆိုပါနေ့မှာ Lee Yi-kyung နဲ့ Lee Jang-woo တို့က လူကြိုက်အများဆုံး Popularity Award ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အဆိုပါ ဆုပေးပွဲမှာ သူတို့နှစ်ဦးက ရင်းရင်းနှီးနှီး ရှိလွန်းနေပြီး ချစ်သူ ရည်စားတွေလိုမျိုး ခင်မင်နေကြတာ ဖြစ်ပါတယ်။  တောင်ကိုရီးယားမင်းသမီး Lee Mi-joo ဟာဆိုရင်လည်း  Lee Yi-kyung ကို ဆုပေးပွဲမှာ အသည်းပုံစံ လက်လေး လုပ်ပြမှုနဲ့ ပရိသတ်တွေကြားမှာ ထူးခြားတဲ့ ဆက်ဆံရေးရှိနေတယ်လို့ သံသယ အဝင်ခံနေရတဲ့ သူ ဖြစ်ပါတယ်။

Google
Google

မင်းသား Lee Yi-kyung က ပရိသတ်တွေတင် သူနဲ့ Lee Mi-joo တို့ဆက်ဆံရေးကို သံသယဝင်နေတာ မဟုတ်ဘဲ သူ့မိခင်ကိုယ်တိုင်လည်း သံသယဝင်နေတာလို့ ဆိုပါတယ်။ Lee Yi-kyung ရဲ့မိခင်ကြီးက သူမရဲ့ မွေးနေ့မှာ သူမရဲ့သားကို Lee Mi-joo နဲ့ ဆက်ဆံရေး ဘယ်လိုရှိနေလဲလို့ မေးခဲ့တယ်လို့ သိရပါတယ်။ Lee Yi-kyung က အဆိုပါ မေးခွန်းကို မဖြေကြားခဲ့ပဲ ရယ်ပဲ ရယ်နေခဲ့တယ်လို့ ဆိုပါတယ်။ မေးခွန်းရဲ့ အဖြေကို ဆက်ပြီး သိရှိလိုပါက အစီအစဉ် ထုတ်လွှင့်တဲ့အချိန်မှ စောင့်ကြည့်ဖို့ ပရိသတ်တွေကို သိချင်စိတ်နှိုးဆွခဲ့ပါတယ်။

Google

လက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ စိတ်ဝင်းစားမှု မြင့်တက်နေတဲ့ မင်းသား Lee Yi-kyung နဲ့ မင်းသမီး Lee Mi-joo တို့အကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။