တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် သူမရဲ့ခင်ပွန်းဟောင်း ဖြစ်သူ Song Joong Ki ရဲ့ အချစ်ရေးကြောင့် 'The Glory' ဇာတ်လမ်းတွဲ မထုတ်လွှင့်ခင်မှာ ပြုလုပ်မယ့် ဇာတ်ကားမိတ်ဆက်ပွဲ အင်တာဗျူးတွေအားလုံးကို မတက်ရောက်ခဲ့ဘဲ ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

Google

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ခိုင်မာတဲ့ ရင်းမြစ်တွေရဲ့ဖော်ပြချက်အရ Song Hye Kyo နဲ့ သူမရဲ့ ရိုက်ကူးရေး အဖွဲ့ဝင်တွေအားလုံး 'The Glory' ဇာတ်လမ်းတွဲရဲ့ အင်တာဗျူးကို မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ သိကျွမ်းနားလည်သူတွေရဲ့အဆိုအရ ဇာတ်ကားသစ်မိတ်ဆက်ပွဲရဲ့ အင်တာဗျူးကို အခုလိုမျိုးသရုပ်ဆောင်တွေ မတက်ရောက်နိုင်တာက ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်ကြီးလို့လည်း ဆိုကြပါတယ်။ 'The Glory' ဇာတ်လမ်းတွဲ အင်တာဗျူးကို Song Hye Kyo မတက်ရောက်ခဲ့တာက လက်ရှိမှာ Song Joong Ki နဲ့ ပတ်သက်တဲ့ သတင်းတွေက အရမ်းပြန့်နေတာကြောင့် အခုအချိန်မှာသာ 'The Glory' ရဲ့ အင်တာဗျူးကို လုပ်ခဲ့မယ်ဆိုရင် သူမအတွက် သက်တောင့်သက်သာရှိစေမယ့်မေးခွန်းတွေကို ဖြေခွင့်ရမှာမဟုတ်ပါဘူး။

Google
Google

ခင်ပွန်းဟောင်း ဖြစ်သူနဲ့ ပတ်သက်တဲ့ စိတ်ကျဉ်းကြပ်စရာ သတင်းတွေကို ဖြေဆိုရမှာ စိုးရိမ်တာကြောင့် အခုလိုမျိုး လုပ်ဖော်ကိုင်ဖက်တွေကအစ အင်တာဗျူး မဖြေပေးဘဲ ကူညီပေးခဲ့ကြတာဆိုတဲ့ သတင်းတွေလည်း ထွက်ရှိနေပါတယ်။

Google

Song Joong Ki  ရဲ့ သတင်းနဲ့အတူ 'The Glory' ဇာတ်ကားရဲ့ စိတ်ဝင်စားမှုဟာလည်း လက်ရှိမှာ အဆမတန်မြင့်မားလျက်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။