Running Man အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သလို တောင်ကိုရီးယားအဆိုတော် ၊ သရုပ်ဆောင် လည်းဖြစ်တဲ့ Kim Jong Kook  ဟာဆိုရင် Problem Child in House အစီအစဉ်မှာ အရင်တုန်းက ထွက်ရှိခဲ့ဖူးတဲ့ ကောလာဟလ အကြောင်း ပြောဆိုခဲ့ပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး Cha Tae Hyun က Kim Jong Kook ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ Cha Tae Hyun က Kim Jong Kook ကို အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး လောစ့်အိမ်ဂျယ်လိစ့်မှာ ဇနီးနဲ့ ကလေး ရှိနေတယ်ဆိုတဲ့ အကြောင်းလေးကို ပြောပြပါဦးလို့ မေးမြန်းခဲ့ပါတယ်။

Google
Google

အဆိုပါ အကြောင်းအရာကို Kim Jong Kook က လော့စ်အိမ်ဂျလိစ့်ကို မိခင်ကြီးနဲ့အတူတူသွားခဲ့တာဖြစ်ကြောင်း ၊ အမေနဲ့အတူ သွားတာဖြစ်လို့ သူ့အမေမှာလည်း ဇနီးရှိနိုင်တာပေါ့ဆိုပြီး အရွှန်းဖောက်ပြီး ပြောခဲ့ပါသေးတယ်။

Google
Google

Cha Tae Hyun က Kim Jong Kook တစ်ယောက် လော့စ်အိမ်ဂျလိစ့်ကို ခဏခဏ သွားတာဖြစ်လို့ ကလေးဖြစ်သူကို သွားကြည့်နေတာလားလို့လည်း ဟာသနှောပြီး မေးခဲ့ပါသေးတယ်။

Google

Kim Jong Kook က အခုပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးက ဟာသတစ်ခုသာဖြစ်ကြောင်း ၊ ဟာသတွေဖြစ်ပေမယ့်လည်း တကယ်တမ်းယုံကြည်နေတဲ့ သူတွေ ရှိနေကြောင်း ပြန်လည် ဖြေရှင်းပေးခဲ့ပါတယ်။

Google

သူငယ်ချင်းတွေအားလုံးနဲ့ အတူတကွရှိနေတဲ့အချိန်မှာ အမေရိကားမှားမိန်းမနဲ့ကလေးရှိနေတယ်ဆိုတဲ့ ကောလဟာလကို ဖြေရှင်းခဲ့တဲ့ Kim Jong Kook  အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။