ဒီဇင်ဘာ(၂၄)ရက်နေ့ က အာသောက မင်းသမီးချော အဟံကာရာ ဟာ ကိုယ့်ကိုကိုယ်သတ်သေ ကာ အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပြီး သူမသေဆုံးမှု နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မင်းသမီးတူနီးရှားဟာ ဆေးသောက်နေရပြီး စိတ်ရောဂါကုထုံးဆရာဝန်နှင့်တွေ့နေရကြောင်း ၊ သူမ ကွယ်လွန်ပြီးနောက် ရှီဇန်ခန်း ကို မသင်္ကာတာကြောင့် တူနီးရှားရဲ့ မိခင်က တိုင်ကြားခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ ပုဒ်မ (၃၀၆) ဖြင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့သလို သေချာစုံစမ်းနေတဲ့ကြားကပဲ အဟံကာရာသေဆုံးမှုဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်တာမဟုတ်ဘဲ အသတ်ခံရတာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ ဖြစ်ရပ်ကြောင့် လက်ရှိမှာ ဝန်ကြီးချုပ်မိုဒီအနေနဲ့ အိန္ဒိယမှာ မျိုးစောင့်ဉပဒေပြဌာန်းပြီး မယားပြိုင်ယူတာတွေကို ပိတ်ပင်သင့်ကြောင်း တောင်းဆိုမှုတွေများပြားလာခဲ့ပါပြီ။
ဒီကနေ့ ဒီဇင်ဘာ(၂၉)ရက်နေ့မှာ ရှီဇန်ခန်းကို တရားရုံးက ရမန်ထပ်ပေးပြီး ရဲတပ်ဖွဲ့က စစ်ဆေးစရာရှိလို့ဆိုကာ ရဲစခန်းရဲ့ အချုပ်ခန်း မှာ(၂)ရက်ထားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါတင်သာမက အဟံကာရာ မသေဆုံးခင် တစ်နာရီခွဲအတွင်း ပြောဆိုထားတဲ့ စာတွေအကုန်လုံးကိုလည်း ရှီဇန်ခန်းက ဖျက်ထားတဲ့အတွက်ကြောင့် စာတွေပြန်လည်ဖတ်ရှုနိုင်မယ့် လုပ်ငန်းစဉ်ဆောင်ရွက်ဖို့ကိုလည်း တရားရုံးက အမိန့်ပေးခဲ့ပြီး လက်ရှိမှာ အဟံကာရာရဲ့ဖြစ်စဉ်ဟာ သတ်သေတာလား အသတ်ခံရတာလားဆိုတာကို အသည်းအသန်စုံစမ်းနေကြပြီဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။