တောင်ကိုရီးယားမင်းသား Song Joong Ki က မကြာသေးမီက သူ့ရဲ့ချစ်သူ အသစ်လေးကို ပရိသတ်တွေဆီကို ချပြခဲ့တာ အားလုံးပဲ သိကြမှာပါနော်။ မင်းသား Song Joong Ki ချစ်သူရည်းစားအသစ် ရသွားတာနဲ့ပတ်သက်ပြီး ဆွဲထည့်ခြင်းခံနေရသူကတော့ Song Joong Ki ရဲ့ ဇနီးဟောင်းဖြစ်ခဲ့ဖူးတဲ့ မင်းသမီး Song Hye Kyo ပဲ ဖြစ်ပါတယ်။ Song Joong Ki က လက်ရှိမှာ ရည်စားအသစ်နဲ့ လက်ထပ်တော့မယ့်အခြေအနေအထိ ဖြစ်နေပေမယ့် မင်းသမီး Song Hye Kyo ဘက်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး သိုသိပ်စွာနဲ့ နေထိုင်နေဆဲပဲ ဖြစ်ပါတယ်။ Song Joong Ki ရဲ့ အချစ်ရေးသတင်းနဲ့ပတ်သက်ပြီး Song Hye Kyo ကို ပရိသတ်တွေ တော်တော်များများက ဝိုင်းပြီး သနားနေကြပေမယ့် တချို့ ပရိသတ်တွေကတော့ Song Hye Kyo ကို အခုလိုမျိုး ဆွဲထည့်နေတာ လုံးဝ မဖြစ်သင့်ဘူးလို့ ဆိုကြပါတယ်။



Song Joong Ki နဲ့ Song Hye Kyo တို့က ကွာရှင်းထားတာ ၃ နှစ်ကြာသွားပြီ ဖြစ်တာကြောင့် သူတို့ နှစ်ဦးကွာရှင်းထားတာကို အစပြန်နေသူတွေကို ကင်ချီမြေက ပရိသတ်တွေက များစွာ ဒေါသထွက်နေကြပါတယ်။

Song Hye Kyo ရဲ့ ပရိသတ်အချို့ကလည်း Song Joong Ki ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး မဆိုင်တော့တဲ့ Song Hye Kyo အကြောင်း ဇာတ်လမ်းတွေ ဖွဲ့နွဲ့ရေးနေကြသူတွေကို ရပ်ကြတော့ဖို့ တောင်းဆိုထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။