မကြာခင်နှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ကိုရောက်တော့မှာပဲ ဖြစ်ပါတယ်။(၂၀၂၂) ခုနှစ်ဟာ K-Drama ပရိသတ်တွေအတွက် အကောင်းဆုံးနှစ်တွေထဲက တစ်နှစ်ဖြစ်ခဲ့ပြီး ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ဒါ့ကြောင့် (၂၀၂၂) ခုနှစ်ရဲ့ မဖြစ်မနေကြည့်သင့်တဲ့ K-Drama (၅) ကားကို ဖော်ပြပေးလိုက်ပါတယ်။
1. Reborn Rich

အခုတလော နာမည်ပိုကြီးနေတဲ့ မင်းသား Song Joong Ki ရဲ့ဇာတ်ကားဖြစ်တဲ့အလျောက် ပရိသတ်တွေပိုပြီး သဘောကျကြတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။Yoon Hyun Woo ဟာ အသတ်ခံရပြီး သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့သားအဖြစ် တစ်ဖန်မွေးဖွားလာခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အတိတ်ဘဝက အရာအားလုံးကို သတိရပြီး လက်စားချေဖို့အတွက် ကုမ္ပဏီကို ဖြုတ်ချကာ ဘဝသစ်မှာ မြှုပ်နှံထားမယ်လို့ ကတိပြုထားခဲ့ပါတယ်။(၂၀၂၂) ခုနှစ်ရဲ့ အကောင်းဆုံး K-Drama အဖြစ်သတ်မှတ်ခံထားရပြီး စံချိန်အမျိုးအမျိုးတင်ထားနိုင်တဲ့ စီးရီးပဲဖြစ်ပါတယ်။
2. Alchemy of Souls

ပရိသတ်အချစ်တော် Jang Wook နဲ့ Jung So Min တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပြီး သူတို့ကံကြမ္မာကို လှည့်စားနေတဲ့အကြောင်း စိတ်ကူးယဉ်စွာရိုက်ကူးထားတဲ့ အချစ်ဒရာမာဇာတ်ကားဖြစ်ပါတယ်။ Mu Deok ရဲ့ ခန္ဓာကိုယ်အတွင်းမှာ Naksu လို့ခေါ်တဲ့ လုပ်ကြံသတ်ဖြတ်သူဝိညာဉ်ရှိပြီး Jang Wook ရဲ့ အစေခံဖြစ်လာပေမယ့် လျှို့ဝှက်ထားခဲ့ပါတယ်။ဒီစီးရီးဟာ မှော်ပညာတွေလည်းပါဝင်တာကြောင့် ကြည့်ရှုသူတွေကို အမြင့်ဆုံးထိခေါ်ဆောင်သွားမှာဖြစ်ပြီး မင်းသား၊မင်းသမီးချောချောလေးတွေပါတာကြောင့် ပိုကြည့်ကောင်းစေမှာဖြစ်ပါတယ်။
3. Extraordinary Attorney Woo

ဒီစီးရီးမှာ Park Eun Bi ဟာ ဉာဏ်ကြီးရှင်ရှေ့နေတစ်ဦးအဖြစ် သရုပ်ဆောင်ထားကာ သူမဟာ ငယ်စဉ်ကတည်းက ဥပဒေစာအုပ်များကို အလွတ်ကျက်နိုင်ခဲ့ပြီး အရွယ်ရောက်တဲ့အခါ ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်တစ်ခုရလာခဲ့ပါတယ်။ တရားမျှတမှုကို ကူညီပံ့ပိုးပေးတဲ့ရှေ့နေအဖွဲတစ်ဖွဲနဲ့ အလုပ်လုပ်ပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ King Tae Oh နဲ့ချစ်ကြိုက်ခဲ့ပါတယ်။ဒီစီးရီးဟာ ကမ္ဘာကို အံ့အားသင့်စေကာ အမှန်တရားဘက်ရပ်တည်မှုနဲ့ ချစ်ခြင်းတရားတွေကို ဖော်ပြပေးထားတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။
4. Little Woman

Little Women မှာတော့ Kim Go Eun ၊ Nam Ji Hyun နဲ့ Park Ji Hu တို့က ညီမသုံးယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားကာ သူတို့အားလုံး ဆင်းရဲပြီး အမေ့ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် အစ်မအကြီးဆုံး Kim Go Eun က အလုပ်ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ဆီက ပိုက်ဆံအများကြီးရပြီး တောင်ကိုရီးယားမှာ အချမ်းသာဆုံးမိသားစုကို တိုက်ရမယ်ဆိုတဲ့ကိစ္စမှာ သူမပါဝင်လာတဲ့အခါ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပေါ်လာခဲ့ပါတယ်။ဒီဇာတ်လမ်းမှာ အဆုံးထိဘာဖြစ်မလဲဆိုတာ မှန်းဆမရတဲ့အပြင် မိန်းမသားသုံးယောက်ရဲ့ စွန့်စားမှုတွေကို စိတ်လှုပ်ရှားစွာ မြင်တွေ့ရမာဖြစ်ပါတယ်။
5. The Queen’s Umbrella

မင်းသမီး Kim Hye Soo ဟာ မိဖုရား Im Hwa Ryeong အဖြစ် သရုပ်ဆောင်ထားပြီး မင်းသားများရဲ့ ရန်စမှုများကြောင့် ပြဿနာများနှင့် ပဋိပက္ခများ ဖြစ်ပွားရတာကြောင့် မိဖုရားအဖြစ် သူမဟာ မင်းသားတွေကို မှန်ကန်စွာ နေထိုင်ဖို့ပြုပြင်ပေးတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။ဒီစီးရီးဟာ အစမှာ ဟာသပုံအဖြစ်တွေ့ရပေမယ့် နောက်ပိုင်းမှာ ကြီးမားတဲ့ မိခင်မေတ္တာကိုခံစားစေရမှာ ဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
Photos: Credit
သတင်းအရင်းမြစ်: Soompi
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။