တောင်ကိုရီးယားမင်းသား Song Joong-ki ရဲ့ လက်ရှိ အချစ်ရေးဟာဆိုရင် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ သူတို့နှစ်ဉီး အချင်းချင်းလျှောက်သွားနေတဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း လက်ရှိမှာ များစွာ ရေပန်းစားလျက်ရှိပါတယ်။

Song Joong-ki ဟာဆိုရင် မင်းသမီး Song Hye Kyo နဲ့ ၃ နှစ်ကြာ ဆက်ဆံရေး ပြီးဆုံးသွားတဲ့နောက်မှာ အခုလိုမျိုး အချစ်သစ်တစ်ခုကို ထပ်မံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Song Joong-ki ရဲ့ ချစ်သူ ကို လက်ရှိမှာ ဗြိတိန်မင်းသမီး Katy Louise Saunders လို့ အတည်ပြုထားပေမယ့် အေဂျင်စီဘက်ကတော့ သီးခြား အတည်ပြုပေးထားခြင်း မရှိသေးပါဘူး။

Song Joong-ki ရဲ့ ချစ်သူကောင်မလေးက Song Joong-ki ရဲ့ နောက်ကို အမြဲ လိုက်လေ့လိုက်ထ ရှိတဲ့သူဖြစ်ပြီး ‘Reborn Rich’ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲတွေအထိ အတူတူ သွားလေ့ရှိတဲ့ သူဖြစ်ပါတယ်။ သူတို့နှစ်ဦးက မင်္ဂလာပွဲတွေအထိ အတူတူ တက်ရောက်ခဲ့ကြပြီး မကြာခင်မှာ လက်ထပ်တော့မယ်လို့လည်း သတင်းတွေ ထွက်ထားတာဖြစ်ပါတယ်။
สรุปเดทจริงอ่ะ แงงง ยินดีด้วยค้าบบ 😭❤️#songjoongki pic.twitter.com/EKQgI5I8fw
— iʕ•ᴥ•ʔnz 🐻🍑 ఇ ft. J യ J (@ipoonz_) December 26, 2022
အခုတစ်ခေါက်မှာလည်း ‘Reborn Rich’ ဇာတ်လမ်းတွဲ ပရိုမိုးရှင်းအခမ်းအနားအတွက် လေဆိပ်ကနေ ပြန်အဝင်မှာ Song Joong-ki က သူ့ရဲ့ ချစ်သူအသစ်လေးကို လက်ချင်းတွဲပြီး တရားဝင် တွဲပြလိုက်တာ ဖြစ်ပါတယ်။

ချက်ချင်းဆိုသလိုမှာပဲ အဆိုပါဗီဒီယိုက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု အရမ်မြင့်တက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးခဲ့ပါတယ်။ Song Joong-ki နဲ့ သူ့ရဲ့ ချစ်သူအသစ်တို့ရဲ့ အချစ်ရေး ဆက်ဆံရေးကိုလည်း ဗီဒီယိုထဲမှာ အထင်အရှားတွေ့မြင်ရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။