တောင်ကိုရီးယားမင်းသား Song Joong Ki ဟာဆိုရင် မကြာသေးမီအချိန်က သူ့ရဲ့ချစ်သူလေးကို အလင်းပြခဲ့တာပဲဖြစ်ပါတယ်။ Song Joong Ki ရဲ့ ချစ်သူက ဗြိတိန်လူမျိုးတစ်ဦး ဖြစ်ပြီး Song Joong Ki ကို ဘာသာစကားသင်ကြားပေးရင်းနဲ့ ချစ်ကြိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Google
Google

ချစ်သူရှိနေပြီဆိုတဲ့သတင်းနဲ့အတူ Song Joong Ki ရဲ့ စုံတွဲပုံတွေဟာလည်း တစ်စတစ်စ ပိုပိုပြီး ပြန့်နှံ့လာခဲ့ပါတယ်။ ဒီကနေ့မှာလည်း Song Joong Ki နဲ့ သူ့ရဲ့ ချစ်သူတို့ မင်္ဂလာပွဲ အတူတူတက်ရောက်နေတဲ့ ပုံရိပ်လေးတွေ ပြန့်နှံ့လာခဲ့ပါတယ်။

Google
Google

ဓာတ်ပုံထဲမှာ သူတို့နှစ်ဉီးက ရိုးရှင်းတဲ့အဝတ်အစားလေးတွေကို ဝတ်ထားပြီး မိတ်ကပ်အပြင်အဆင်လည်းသိပ်မရှိပါဘူး။ ကြည့်ရတာတော့ သတို့သမီးရဲ့ အချိန်အဝါတောက်ပမှုကို ပိုပြီး ထင်သာမြင်သာရှိစေမယ့် ပုံစံမျိုး တွေးပေးထားတာကြောင့် အခုလိုမျိုး ဝတ်ဆင်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Google

မင်္ဂလာပွဲတက်ရောက်နေတဲ့ ပုံလေးတွေထဲမှာ Song Joong Ki ရဲ့ ချစ်သူကောင်မလေး မျက်နှာကိုပါ သေသေချာချာ မြင်တွေ့ရတာကြောင့် ပရိသတ်တွေက သူမရဲ့ အကြောင်းကိုပါ ပိုပြီး သိလာခဲ့ကြပါတယ်။ လက်ရှိအတည်ပြုချက်တွေအရတော့ Song Joong Ki  ရဲ့ ချစ်သူက ဗြိတိန်မင်းသမီး Katy Louise Saunders ဖြစ်တယ်လို့ ပြောနေကြပါတယ်။

Google
Google

သူငယ်ချင်းရဲ့ မင်္ဂလာပွဲအထိ ချစ်သူကောင်မလေးကို ခေါ်သွားတဲ့ Song Joong Ki ရဲ့ ချစ်တတ်လွန်းမှုကြီးကို ပရိသတ်တွေအားလုံးကလည်း အားကျနေကြပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။