တောင်ကိုရီးယားမင်းသား Song Joong Ki က မကြာသေးမီက သူ့ရဲ့ချစ်သူလေးရဲ့ ပုံရိပ်ကိုချပြခဲ့တာကြောင့် ပရိသတ်တွေကြားမှာ သူမရဲ့သတင်းက လူစိတ်ဝင်းစားမှုမြင့်တက်နေပါတယ်။ Song Joong Ki က ဒီဇင်ဘာလ ၂၆ ရက်နေ့တုန်းက ယူကေက အနုပညာလောကထဲက မဟုတ်တဲ့သူနဲ့ ချိန်းတွေ့နေတယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပြီး ကောင်မလေးနဲ့ အကြောင်းအရာများကလက်ရှိမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။
Song Joong Ki ရဲ့ ချစ်သူကောင်မလေးက ဗြိတိန်လူမျိုး ဖခင်ကြီးနဲ့ ကိုလန်ဘီယံလူမျိုး မိခင်ကြီးတို့ကနေ မွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။ သူမက ကလေးဘဝတုန်းက လန်ဒန် ၊ အင်္ဂလန်နဲ့ ၊ အီတလီတို့မှာနေထိုင်ခဲ့တာဖြစ်ပါတယ်။ Song Joong Ki ထက် အသက် ၁ နှစ်ပိုကြီးပြီး ၁၉၈၄ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
လက်ရှိထွက်နေတဲ့သတင်းတွေအရ Song Joong Ki ရဲ့ ချစ်သူကောင်မလေးက အနုပညာလောကကနေ အနားယူပြီး ဘာသာစကား ဆရာမအဖြစ် လုပ်ကိုင်နေတဲ့ ဟောလိဝုဒ်သရုပ်ဆောင် Katy Louise Saunders လို့ သိရပါတယ်။
Song Joong Ki ဘက်ကနေ Vincenzo ဇာတ်လမ်းရိုက်ကူးရေးအတွက် အီတလီဘာသာစကားလေ့လာရင်းနဲသူတို့နှစ်ဦး တွေ့ဆုံဖြစ်ခဲ့တာလို့ သိရပါတယ်။ Song Joong Ki ကိုယ်တိုင်ကလည်း Katy Louise Saunders ဆီကနေ ဘာသာစကားတွေသင်ကြားရင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့တာဖြစ်ပါတယ်။
ဘာသာစကားစရာမလေးကို ချစ်သူတော်ထားရတာကြောင့် Song Joong Ki အနေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ သူမတူအောင် ဘာသာစကား စွမ်းရည် မြင့်မားနေတာ အံ့ဩစရာတော့မရှိပါဘူးနော်။ တောင်ကိုရီးယားမင်းသား Song Joong Ki နဲ့ သူမရဲ့ချစ်သူတို့တွေ့ဆုံဖြစ်ခဲ့ပုံအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။