တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် ခင်ပွန်းဟောင်းဖြစ်သူ မင်းသား Song Joong Ki  နဲ့ ၂၀၁၇ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။ မင်းသမီး Song Hye Kyo ဘက်က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး အချိန်ကစပြီး တိတ်ဆိတ်နေခဲ့ပေမယ့် Song Joong Ki   ကတော့ ချစ်သူအသစ်ရနေပြီဆိုတာကို တရားဝင်ကြေညာခဲ့ပါတယ်။ 

Google
Google

ဒါကြောင့် ခင်ပွန်းဟောင်းဖြစ်သူရဲ့ဆုံးဖြတ်ချက်အပေါ် Song Hye Kyo အနေနဲ့ ဘယ်လိုမျိုး ခံစားနေရမလဲဆိုတာလဲ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ဒါကြောင့် ချက်ချင်းဆိုသလို Song Hye Kyo  ရဲ့ နာမည်ဟာအင်တာနက်စာမျက်နှာပေါ်မှာ ရှာဖွေမှု မြင့်တက်နေခဲ့ပါတယ်။ 

Google

ပရိသတ်တွေအများစုက Song Hye Kyo ကို သနားနေကြပြီး Song Hye Kyo ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာလည်း  အားပေးနှစ်သိမ့်တဲ့စကားတွေ ဝင်ရေးပေးထားကြပါတယ်။ Song Hye Kyo ရဲ့ အသက် ၄၁ နှစ်ပြည့်မွေးနေ့အမှတ်တရအကြောင်း တင်ထားတဲ့ ပိုစ့်လေးအောက်မှာလည်း ပရိသတ်တွေက များစွာ အားပေးနှစ်သိမ့်ထားကြတာကို အတိုင်းသားတွေ့ရပါတယ်။ (အဆိုပါ ပိုစ့်ထဲမှာ Song Hye Kyo က သူမရဲ့ချစ်စဖွယ်ပရိသတ်တွေဆီကရရှိတဲ့ “မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ယုံကြည်မှုတွေကြောင့် တစ်နေ့ထက်တစ်နေ့ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနေပါတယ်" လို့ ရေးသားထားပါတယ်။  )

Instagram 

Song Joong Ki နဲ့ ကွာရှင်းပြီးကတည်းက Song Hye Kyo က ချစ်သူရည်းစားထားခဲ့ခြင်းမျိုး မရှိဘဲ အလုပ်တစ်ခုတည်းကိုသာ စိတ်နှစ်ပြီး သူငယ်ချင်းတွေနဲ့ပဲ အချိန်ဖြုန်းခဲ့တာဖြစ်ပါတယ်။ 

Google

ဒီကနေ့  Song Joong Ki  ဘက်ကနေ ချစ်သူရည်းစားရှိနေပြီလို့ သတင်းထွက်လာတဲ့အချိန်မှာလည်း Song Hye Kyo က သူမရဲ့သူငယ်ချင်း ပန်းချီဆရာမနဲ့ အတူရှိနေပြီး ပန်းချီပြခန်းကို ရောက်နေခဲ့တာဖြစ်ပါတယ်။ 

Google

Song Hye Kyo က သူမအနေနဲ့ အရင်နေ့ရက်တွေလိုမျိုး ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်နေ့တာ ဘဝကို ဖြတ်သန်းနေကြောင်း ကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပန်းချီ ပုံလေးတွေနဲ့ တုံ့ပြန်ပေးခဲ့ပါတယ်။ 

Google
Google

ပရိသတ်တွေအများစုကတော့ Song Hye Kyo ရဲ့ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်းဖြစ်နေတဲ့ပုံလေးကို သဘောကျနေပြီးရှေ့ဆက်မယ့်ရက်တွေကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့ဆုတောင်းပေးထားကြပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။