တောင်ကိုရီးယားမင်းသား Kim Woo Bin ဟာဆိုရင် နာမကျန်းဖြစ်ပြီး ဆေးကုသမှု ခံယူနေရတဲ့ ကလေးငယ်လေးတွေကို ကိုယ်တိုင်ကိုယ်ကျ ခရစ်စမတ်လက်ဆောင်လေးတွေ ဝေမျှပေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ Dispatch ရဲ့ သတင်းအရ တောင်ကိုရီးယား မင်းသား Kim Woo Bin က ဆိုးလ်မြို့ Children’s Ward of Asan Medical Center မှာရှိတဲ့ ဆေးရုံတက်ကုသမှု ခံယူနေရတဲ့ ကလေးငယ်လေးတွေကို ခရစ်စမတ် လက်ဆောင်လေးတွေ ဝေမျှပေးခဲ့တယ်လို့သိရပါတယ်။

Google
Google

Kim Woo Bin က ကလေးတွေအတွက် အိတ်လေးတွေ ၊ ပန်းချီပစ္စည်းလေးတွေ ၊ ရေဗူးလေးတွေနဲ့ စိတ်အားထက်သန်စေမယ့် အမှတ်တရ စာလေးတွေကို ရေးပြီး မျှဝေပေးခဲ့ပါတယ်။ Kim Woo Bin က စုစုပေါင်း ကလေး အယောက် ၂၀၀ အတွက် ခရစ်စမတ်လက်ဆောင်လေးတွေ မျှဝေပေးခဲ့တာဖြစ်ပြီး Asan Medical Center ကိုလည်း ဝမ်သန်း ၁၀၀ တန် အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။

Google
Google

မင်းသား Kim Woo Bin က ၂၀၁၄ ခုနှစ်တုန်းကလည်း မိသားစု စားဝတ်နေရေး အဆင်မပြေကြတဲ့ ကလေးငယ်လေးတွေကို လျို့ဝှက် လှူဒါန်းမှုလေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။ Kim Woo Bin ဟာဆိုရင် မိုးကြီးမှုကြောင့် ပြင်းပြင်းထန်ထန်ရောဂါ ခံစားနေရတဲ့သူတွေ ၊ ကိုဗစ် ၁၉ ရောဂါ ခံစားနေရတဲ့သူတွေ နဲ့ တောမီးကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့သူတွေကိုလည်း လှူဒါန်းမှုလေးတွေ အဆက်မပျက် ပြုလုပ်ပေးခဲ့တဲ့သူဖြစ်ပါတယ်။

Google

တောင်ကိုရီးယားမင်းသား Kim Woo Bin က လက်ရှိမှာ Netflix  ရဲ့ original စီးရီးတစ်ခုဖြစ်တဲ့ Black Knight ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။