တောင်ကိုရီးယားမင်းသား Song Joong Ki ဟာဆိုရင် ဒီကနေ့မှာ သူ့ရဲ့အချစ်ရေးကို လူသိရှင်ကြားထုတ်ဖော်လိုက်ပြီပဲဖြစ်ပါတယ်။ Song Joong Ki ဘက်ကနေ အချစ်ရေးနဲ့ပတ်သက်ပြီး ဝန်ခံလိုက်တာနဲ့တစ်ပြိုင်နက် ကောင်မလေးဘက်က ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းဟာလည်း ချက်ချင်း ပြန့်နှံ့လာခဲ့ပါတယ်။

Google
Google

ထွက်ရှိလာတဲ့သတင်းတွေအရ Song Joong Ki ရဲ့ ချစ်သူမိန်းကလေးက အနုပညာလောကထဲကမဟုတ်တဲ့ ဗြိတိန်လူမျိုးတစ်ယောက်ဖြစ်ပြီး တွဲနေကြတာ ၁ နှစ်ကျော်ကြာသွားခဲ့ပြီလို့ သိရပါတယ်။ Song Joong Ki က လက်ရှိ ထွက်ပေါ်လာတဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့သတင်းကို ငြင်းဆိုထားခြင်းမရှိဘဲ သူကိုယ်တိုင် ဝန်ခံထားပါတယ်။ လက်ရှိမှာ Song Joong Ki က မင်္ဂလာပွဲအထိ ကျင်းပသွားဖို့ရှိတယ်လို့ သိရပြီး အွန်လိုင်းစာမျက်နှာတွေပေါ်မှာလည်း မင်္ဂလာသတင်းတွေ ပြန့်နှံ့လျက်ရှိပါတယ်။ Song Joong Ki က သူ့ရဲ့ချစ်သူ ကောင်မလေးကို ကိုယ်ဝန်ဆောင်ဆေးခန်းအထိ လိုက်ပို့ပေးနေတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေရှိတာကြောင့် လက်ရှိမှာ ကိုယ်ဝန်သတင်းကလည်း တော်တော်လေး နာမည်ကြီးနေပါတယ်။

Google
Google

Song Joong Ki ရဲ့ အေဂျင်စီဖြစ်တဲ့ HighZium Studio ဘက်ကတော့ ကိုယ်ဝန်သတင်းနဲ့ပတ်သက်ပြီး တုံ့ပြန်ဖို့ အစီအစဉ်မရှိဘူးလို့သာ ထုတ်ပြန်ကြေညာထားပါတယ်။

Google

လက်ရှိမှာတော့ Song Joong Ki ရဲ့ ချစ်သူကောင်မလေးသတင်းက ပရိသတ်တွေကြားမှာ လူစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။ တောင်ကိုရီးယားမင်းသား Song Joong Ki က မင်းသမီး Song Hye Kyo နဲ့ လူသိရှင်ကြား ကွာရှင်းပြီးနောက်မှာ ပထမဦးဆုံးအနေနဲ့ ချစ်သူရှိနေပြီလို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။