တောင်ကိုရီးယား သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Kim Moo Yeol နဲ့ မင်းသမီး Yoon Seung Ah တို့ဟာဆိုရင် မကြာသေးမီအချိန်မှာ မိဘတွေဖြစ်လာကြတော့မယ့်အကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သူတို့နှစ်ဦးက ၅ နှစ်ကြာချစ်ကြိုက်ခဲ့ ပြီးနောက် ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Google
Google

လက်ထပ်ပြီးနောက်မှာလည်း နှစ်ဦးစလုံးက တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုရှိရှိနဲ့ ရိုင်းပင်းကူညီပေးခဲ့ကြရင်း ၂၀၂၃ ခုနှစ်မှာ မိသားစုဝင် အသစ်လေးကို ကြိုဆိုဖို့ ခန့်မှန်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Google
Google

သရုပ်ဆောင် Kim Moo Yeol နှင့် Yoon Seung Ah တို့ရဲ့ ရင်သွေးဦးလေးကို ၂၀၂၃ ခုနှစ် ဇွန်လမှာ မွေးဖွားသွားမှာဖြစ်တယ်လို့လည်း အေဂျင်စီဘက်ကနေ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သရုပ်ဆောင် Kim Moo Yeol နှင့် Yoon Seung Ah တို့က နာမည်ကြီးတဲ့ အနုပညာရှင်စုံတွဲတွေ ဖြစ်တဲ့ အလျောက် တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲလိုလို ဝေမျှပေးလေ့ရှိပါတယ်။

Google

မိသားစုဝင်လေး တိုးလာတော့မယ့် တောင်ကိုရီးယား အနုပညာရှင်နှစ်ဦးအတွက် ဂုဏ်ယူပါတယ်နော် ။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။