တောင်ကိုရီးယားမင်းသမီး Kim Hee Sun ဟာဆိုရင် တစ်ခေတ်တစ်ခါက ပရိသတ်တွေကြားမှာ လီဟန်နီဆိုပြီးနာမည်ကြီးတဲ့သူဖြစ်ပါတယ်။ Kim Hee Sun က လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေဆဲဖြစ်ပြီးအစီအစဉ် တင်ဆက်သူတစ်ယောက်အနေနဲ့ပါ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ 

Google
Google
Google

Kim Hee Sun က တောင်ကိုရီးယားမှာသာမက တရုတ်မှာပါ နာမည်ကြီးပြီးအောင်မြင်နေတဲ့သူဖြစ်ပါတယ်။ Kim Hee Sun က ၂၀၀၇ ခုနှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့ပြီး သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။Kim Hee Sun ရဲ့ ခင်ပွန်းဖြစ်သူက ချမ်းသာတဲ့မျိုးနွယ်ကနေ ဆင်းသက်လာတဲ့ အနုပညာ မျိုးရိုးမဟုတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

Google

Kim Hee Sun  က လက်ထပ်ပြီး ၂ နှစ်အကြာမှာ သမီးဉီးလေးကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ သမီးလေးကလက်ရှိမှာ ၁၃ နှစ်အရွယ်ဝန်းကျင်ရှိနေပြီဖြစ်ပြီး ထူးချွန်တဲ့သူလေးဖြစ်ပါတယ်။ 

Google
Google

အခုတစ်ခါက် ခရစ်စမတ်မှာKim Hee Sun  က သူမရဲ့သမီးလေး ကိုယ်တိုင်ဖန်တီး ပြုလုပ်ပေးခဲ့တဲ့ လက်ဆောင်လေးကို ပြသပေးလာခဲ့ပါတယ်။ လက်ဆောင်လေးနဲ့အတူ သမီးလေး အရွယ်ရောက်လာတဲ့ ပုံစံလေးကိုပါ Kim Hee Sun  က ပြသပေးခဲ့ပါတယ်။ 

Instagram

ဓာတ်ပုံလေးထဲမှာလက်ကလေးပဲ ပါတယ်ဆိုပေမယ့် သမီးလေးရဲ့ လက်ချောင်းလေးတွေ ရှည်ရှည်သွယ်သွယ်လေးနဲ့ ချောချောမောမောလှလှ ပပလေးဆိုတာ အတိုင်းသားတွေ့နေရပါတယ်။ 

Instagram

ချစ်ဖို့ကောင်းလွန်းလှတဲ့ တောင်ကိုရီးယားမင်းသမီး Kim Hee Sun  ရဲ့ သမီးလေး ပုံရိပ်ကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။