တရုတ်နိုင်ငံ ၊ ချုန်ချင်းတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခလေးရဲ့ မျက်နှာသွင်ပြင်ဟာဆိုရင်Blackpink အဖွဲ့ဝင် Lisa နဲ့တူလွန်းတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ နာမည်ကြီး ရေပန်းစားနေပါတယ်။

Google

ပါမောက္ခ Tang က ချုန်ချင်း တက္ကသိုလ်မှာ သမိုင်းဘာသာရပ် သင်ကြားပြသပေးနေတဲ့သူဖြစ်ပြီး သူမ စာသင်ချိန်တွေမှာ အတန်းရှေ့ကနေ ကျောင်းသားတွေ တန်းစီပြီး စောင့်ကြည့်ရလောက်တဲ့အထိ နာမည်ကြီးလျက်ရှိပါတယ်။ 

Google

ပါမောက္ခ Tang ကို Lisa နဲ့တူလွန်းတယ်ဆိုပြီး ဓာတ်ပုံတွေ ရိုက်တင်ထားကြတာကြောင့် အခုဆိုရင် သူမရဲ့ ဓာတ်ပုံတွေဟာလည်းတော်တော်လေး ပြန့်နှံ့နေပါတယ်။ ပါမောက္ခ Tang က အနေအေးတဲ့သူဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေနဲ့ အကျွမ်းတဝင်မရှိတဲ့သူဖြစ်တာကြောင့် အခုလိုမျိုး သူမဓာတ်ပုံတွေ ပြန့်နှံနေတာကို မြင်တဲ့အချိိန်မှာ အရမ်း အံ့အားသင့်ရတယ်လို့ ဆိုပါတယ်။ 

Google

ကဲပရိသတ်ကြီးရေ ပါမောက္ခ Tang  က တကယ်ပဲ Blackpink အဖွဲ့ဝင် Lisa နဲ့တူလားဆိုတာ ဝင်ဖြေပေးသွားကြပါဦးနော် ။ 

Source - Koreaboo

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။