တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် မကြာသေးမီက The Glory ဇာတ်လမ်းမိတ်ဆက်ပွဲနဲ့အတူပြန့်နှံ့လာတဲ့ ဓာတ်ပုံတွေကို ပြန်ဖျက်ပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ 

Google

မကြာသေးမီက YouTube တွေနဲ့ အွန်လိုင်းသတင်းဌာနတွေမှာ Song Hye Kyo ရဲ့ အသက်အရွယ်ကြီးရင့်လာတဲ့ပုံစံဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ပြန့်နှံ့ခဲ့ပါတယ်။ 

Google
Google

အဆိုပါ ဓာတ်ပုံတွေကို The Glory ဇာတ်လမ်းအတွက် ပရိုမိုးရှင်းအနေနဲ့ ထည့်သုံးထားတာဖြစ်ပြီး ဓာတ်ပုံတွေမှာသုံးထားတဲ့ effect က မမှန်ကန်ဘူးလို့ဆိုကာ production အဖွဲ့က ဖျက်ခိုင်းဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။ 

Google

Netizen တွေ အများစုရဲ့ ရှာဖွေ ဖော်ထုတ်မှုတွေအရ   Song Hye Kyo ရဲ့ အေဂျင်စီဘက်က ဓာတ်ပုံတွေကို ဖျက်ပေးဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။ အေဂျင်စီရဲ့အဆိုအရ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေက Song Hye Kyo ရဲ့အသက်နဲ့ ရုပ်ပိုင်းဆိုင်ရာကို ပိုပြီး ကြီးရင့်သွားစေပြီး လုံလောက်တဲ့ effect မျိုး ထည့်သွင်းထားတာ မဟုတ်ဘူးလို့ဆိုပါတယ်။

Google

အေဂျင်စီရဲ့ အဆိုအရ ဓာတ်ပုံတွေကို ဖျက်ပေးဖို့ တောင်းဆိုခဲ့တာက Song Hye Kyo ဘက်ကမဟုတ်ဘဲ အေဂျင်စီဘက်ကသာဖြစ်တယ်လို့ ဆိုပါတယ်။

Google

The Glory ဇာတ်လမ်းဟာဆိုရင် ကလေးဘဝက အကြမ်းဖက်မှုကို ကြေကြေကွဲကွဲ ခံစားခဲ့ရတဲ့ အမျိုးသမီးတစ်ဦးမှ အပူတပြင်းလက်စားချေသည့်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ Netflix စီးရီးတစ်ခုဖြစ်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။