ကမ္ဘာ့ဖလားပွဲစဉ်မှာ ပရိသတ်တွေရဲ့အသည်းနှလုံးကို ရရှိခဲ့တဲ့ တောင်ကိုရီးယားလက်ရွေးစင်ဘောလုံးသမား Son Heung Min ဟာဆိုရင် နာမည်ကျော်မင်းသမီး Kim Go Eun နဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့သတင်းကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ထပ်မံရရှိနေခဲ့ပါတယ်။ သတင်းတွေ စတင်ပြန့်နှံ့လာပုံကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Son Heung Min နဲ့ Kim Go Eun တို့နှစ်ဉီးက သီးသန့် လူမှုကွန်ရက်စာမျက်နှာတွေသုံးပြီး ချစ်ကြွမ်းဝင်နေကြတယ်ဆိုတာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

Google
Google

Son Heung Min က ၂၀၁၄ ခုနှစ်မှာ Girl’s Day အဖွဲ့ဝင် Minah နဲ့ ချိန်းတွေ့နေတယ်ဆိုပြီး သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အေဂျင်စီဘက်ကနေ သူတို့နှစ်ဦးက ချိန်းတွေ့နေကြတာမဟုတ်ဘဲ သာမန်ရင်းနှီးကြသူတွေသာဖြစ်တယ်လို့ ပြန်လည်ရှင်းပြထားပါတယ်။

Google

၂၀၁၅ ခုနှစ်မှာလည်း Son Heung Min က မစ္စကိုရီးယားတစ်ယောက်ဖြစ်တဲ့ Han Yeon Soo နဲ့ ချိန်းတွေ့နေတယ်ဆိုပြီး သတင်းတွေထွက်ရှိထားပါတယ်။ တစ်နှစ်တည်းမှာပဲ Son Heung Min က After School အဖွဲ့ဝင်ဟောင်း Yoo So Young နဲ့ ချိန်းတွေ့နေတယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပြန်ပါတယ်။

Google

Yoo So Young ရဲ့ဘက်က Son Heung Min နဲ့ တွဲနေတယ်ဆိုတဲ့သတင်းကို ချက်ချင်း အတည်ပြုပေးခဲ့ပေမယ့်လည်း Son Heung Min ရဲ့ဘက်ကတော့ သူတို့ နှစ်ဦးချိန်းတွေ့နေကြတယ်ဆိုတဲ့သတင်းကို ငြင်းဆိုခဲ့ပါတယ်။

Google

ပြီးခဲ့တဲ့နှစ်တုန်းကလည်း Son Heung Min ရဲ့ ၄ ကြိမ်မြောက် Dating News သတင်းတစ်ခု ထပ်မံ ထွက်ရှိလာခဲ့ပြန်ပါတယ်။ အဆိုပါ သတင်းကတော့ BLACKPINK အဖွဲ့ဝင် Jisoo နဲ့ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ပြင်သစ်နိုင်ငံ ကို အတူတက ထွက်ခွာသွားကြပြီး အင်ချွန်းလေးဆိပ်ကနေ တစ်ဆင့် တစ်ချိန်တည်းမှာ ပြန်လာကြတာကြောင့် သူတို့ နှစ်ဉီး ချိန်းတွေ့နေကြတာလားဆိုပြီး သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါ ပေမယ့်လည်း Jisoo ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment ဘက်ကနေ အဆိုပါ သတင်းက မဟုတ်ဘူးဆိုတာ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

Google

အခုလက်ရှိ ၅ ကြိမ်မြောက် ထွက်ခဲ့တဲ့ Dating News ကတော့ တောင်ကိုရီးယားမင်းသမီး Kim Go Eun နဲ့ပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း Kim Go Eun ရဲ့ အေဂျင်စီဘက်ကနေ မဟုတ်မှန်ဘူးလို့ ပြန်လည် ငြင်းဆန်ခဲ့တာကြောင့် သတင်းတွေက ထပ်မံငြိမ်သက်သွားခဲ့ပြန်ပါတယ်။

Google

နာမည်ကြီးထမင်းငတ်ဆိုသလို တောင်ကိုရီးယားနိုင်ငံရဲ့ အချောအလှလေးတွေနဲ့သာ သတင်းထွက်ခဲ့ပေမယ့် ဂေါ်မစွံဖြစ်ခဲ့ရတဲ့ ဘောလုံးသမား Son Heung Min ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။