တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့က ချစ်လွန်းလို့ လက်ထပ်ခဲ့ကြပြီး မကြာသေးမီက သားလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားခဲ့ကြတာကို အားလုံးပဲ သိပြီးကြပြီလို့ ထင်လောက်ပါတယ်နော်။

Google

Hyun Bin က သားလေးကို ရရှိပိုင်ဆိုင်ပြီးနောက်မှာ သူ့ရဲ့အတွေ့အကြုံတွေကို ပထမဦးဆုံး ဝေမျှပေးလာခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကို Hyun Bin က The Point Men ဇာတ်လမ်း မိတ်ဆက်ပွဲမှာ ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ Hyun Bin က ဇာတ်လမ်းထဲမှာ သူ့ရဲ့ သရုပ်ဆောင်ချက်တွေက ကြမ်းကြမ်းတမ်းတမ်းတွေကြီးပဲ ဖြစ်နေပြီး နူးညံ့ပျော့ပြောင်းနေတဲ့ ပုံစံ ဖြစ်မနေတဲ့အပြင် အချစ်ခန်းတွေလည်း သိပ်ပြီး မပါတာကြောင့် Son Ye Jin ကိုတကူးတက ပြောဖို့ မလိုဘူးလို့ ဆိုပါတယ်။  

Google

အခုတစ်ခေါက်က Hyun Bin အနေနဲ့ သားလေးမွေးပြီးနောက်မှာ ပထမဦးအနေနဲ့ လူမြင်ကွင်းထက်ကို ထွက်လာတဲ့ အကြိမ် ဖြစ်ပါတယ်။ Hyun Bin က The Point Man ဇာတ်လမ်းရိုက်ကူး နေစဉ်မှာ သားလေးကို ရရှိပိုင်ဆိုင်ခဲ့ပေမယ့် ပြောင်းလဲမှုတွေ အများကြီး မဖြစ်ခဲ့ဘဲ အရာအားလုံးက ဒီအတိုင်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ သားလေး မွေးဖွားပြီးနောက်မှာ ဖြစ်လာတဲ့ ခံစားချက်ကတော့ သူ့အနေနဲ့ ပုခုံးတွေ ပိုပြီး လေးလံလာပြီး မိသားစုရဲ့ ဉီးဆောင် ဦးရွက်တစ်ယောက်လိုမျိုး ခံစားခဲ့ရတယ်လို့ဆိုပါတယ်။

Google

အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တာကြောင့် Hyun Bin အနေနဲ့ သားလေးအတွက် သန်မာပြီး ထူးခြားတဲ့ ဖခင်တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အလုပ်တွေ ပိုပြီး ကြိုးစားပြီး အကောင်းဆုံးဖြစ်အောင် နေသွားမယ်လို့ ဆိုပါတယ်။

Google

တောင်ကိုရီးယားမင်းသား Hyun Bin က လက်ရှိမှာ မင်းသမီး Som Ye Jin နဲ့ လက်ထပ်ထားပြီး လူတိုင်း အားကျရတဲ့ စုံတွဲလေးအဖြစ် ရပ်တည်နေပါတယ်။ သူတို့ရဲ့ ပထမဦးဆုံး သားဦးလေးကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အောင်မြင်စွာနဲ့ ဖွားမြင်ခဲ့ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။