တောင်ကိုရီးယားမင်းသမီး Song Hye Kyo နဲ့ Lim Ji Yeon တို့ဟာဆိုရင် ပြင်းထန်လွန်းလှတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်လို့အပြီးမှာ မျက်နှာနီမြန်းသွားတဲ့အထိ ဖြစ်ခဲ့တာကြောင့် The Glory ရိုက်ကူးရေးကိုပါ ခဏ နားခဲ့ရတယ်လို့ ဆိုပါတယ်။ အခုအကြောင်းအရာကို The Glory စီးရီးမိတ်ဆက်ပွဲ အခန်းအနားမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့တုန်းက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။  “The Glory” ဇာတ်လမ်းဟာဆိုရင် ငယ်စဉ်ကလေးဘဝက အကြမ်းဖက်မှုကို ခံစားခဲ့ရပြီးတဲ့ အမျိုးသမီးတစ်ယောက်က သူမရဲ့ဘဝတစ်ခုလုံးအတွက် ပြန်ပြီး လက်စားချေမယ့် ပုံစံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ မင်းသမီး Song Hye Kyo က ကျောင်းတွင်းအနိုင်ကျင့်မှာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ Moon Dong Eun အဖြစ် ပါဝင် သရုပ်ဆောင်ထားပြီး  မင်းသမီး Lim Ji Yeon က ကျောင်းအကြမ်းဖက်မှုကျူးလွန်သူ Park Yeon Jin နေရာမှာ သရုပ်ဆောင်ထားပါတယ်။

Google
Google

Lim Ji Yeon က ဇာတ်ဝင်ခန်းတစ်ခုက မင်းသမီး Song Hye kyo ကို ပြင်းပြင်းထန်ထန် ပါးရိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ Lim Ji Yeon အနေနဲ့ ကြမ်းကြမ်းတမ်းတမ်းမလုပ်ချင်ပေမယ့် ဒါရိုက်တာက ချက်ချင်းပြီးအောင်လုပ်ပြီး တစ်ခန်းဆိုတစ်ခန်း အပြီးရိုက်ဖို့ မှာထားတာကြောင့် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ ကြောင့် Song Hye kyo ရဲ့ မျက်နှာက နီမြန်းသွားတာကြောင့် အားနည်းပြီး သူမကိုယ်တိုင်းလည်း အရမ်းအားနာခဲ့ရတယ်လို့ ဆိုပါတယ်။ Song Hye Kyo အနေနဲ့လည်း သရုပ်ဆောင်တာ ကြာပြီဖြစ်ပေမယ့် အခုလိုမျိူးအပြင်မှာ တကယ် ပါးရိုက်ခံရတာ သူမအတွက် ပထမဦးဆုံးဖြစ်ကြောင်း သူမလည်း Ji Yeon လိုမျိုး ခံစားခဲ့ရကြောင်း ၊ ခေါင်းက ဗလာဖြစ်ပြီးနောက်ပိုင်းတွေ ဘာမှ မမှတ်မိတော့ကြောင်း ဆိုခဲ့ပါတယ်။

Google

ပါးရိုက်ခံခဲ့ရပြီးတဲ့နောက်မှာ Song Hye kyo က ရိုက်ကူးရေးကို ချက်ချင်း ဆက်ပြီး မလုပ်နိုင်ခဲ့ဘဲ ခဏ နားခဲ့ရတယ်လို့ ဆိုပါတယ်။ နီမြန်းသွားတဲ့ပါးတွေကို ရေခဲကပ်ပြီးတော့ သက်သာအောင်အချိန်ယူပြီးနောက်မှာ မှ ပြန်ပြီး သရုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

Google

Netflix စီးရီး “The Glory” ကို ဒီဇင်ဘာ 30 ရက်မှာ စတင်ပြသတော့မှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။