တောင်ကိုရီးယားမင်းသမီး Lee Yu Ri ဟာဆိုရင် ယောက္ခမနဲ့ချွေးမ ဆက်ဆံရေးအဆင်မပြေတဲ့ ဒရမ်မာဇာတ်လမ်းတွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။ Lee Yu Ri က အငိုပိုင်း ပိုင်နိုင်သလို ပရိသတ်တွေကိုပါ ဂရုဏာသက်သွားစေတဲ့ သရုပ်ဆောင်ချက်တွေကို ပိုင်နိုင်ရရှိထားသူဖြစ်ပါတယ်။

မင်းသမီး Lee Yu Ri က မိသားစုရေးရာ အရှုပ်အထွေးတွေနဲ့ပတ်သက်ပြီးလောင်ရတဲ့ ဇာတ်ဝင်ခန်းတွေနဲ့လိုက်ဖက်တဲ့သူဖြစ်ပါတယ်။ Lee Yu Ri အဖြစ် ပရိသတ်တွေ အသိများခဲ့တဲ့ဇာတ်လမ်းတွေက Twinkle Twinkle(2011) ၊ Jang Bo-ri is Here! (2014) ၊ Spring Turns to Spring (2019) နဲ့ Lie After Lie (2020) ဇာတ်လမ်းတွေပဲဖြစ်ပါတယ်။ Lee Yu Ri ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားသမီးရတနာ ထွန်းကားထားခြင်းတော့ မရှိသေးပါဘူး။

Lee Yu Ri က သူမ ရဲ့ ယောက္ခမကြီးတွေက သူမ ကို အရမ်းချစ်ပြီးသူမကလည်း အရမ်းကောင်းတဲ့ချွေးမဖြစ်တယ်ဆိုတာကို ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

Lee Yu Ri က သူမက ယောက္ခမကြီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်း ၊ သူမယောက္ခမကြီးရဲ့ အသိတွေကသူမကို အရမ်းကောင်းတဲ့ချွေးမတစ်ယောက်လို့ အမွှန်းတင်ကြောင်း ၊ သူမလိုမျိုးချွေးမနောက်တစ်ယောက် မရှိနိုင်တော့တဲ့အထိ ကောင်းမွန်တဲ့ မှတ်ချက်တွေပေးကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အိမ်ထောင်ရက်သားကျပြီးဇာတ်လမ်းထဲကလိုမျိုးဘဝနဲ့ ကွဲထွက်နေတဲ့ တောင်ကိုရီးယား ထိပ်တန်းမင်းသမီး Lee Yu Ri ရဲ့ လက်ရှိ ဘဝလေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။