ပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီး Park Shin Hye ဟာဆိုရင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီတုန်းက တောင်ကိုရီးယားမင်းသား Choi Tae Joon နဲ့ လက်ထပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ Park Shin Hye က ၂၀၂၂ ခုနှစ် ၊ မေလမှာ သူမရဲ့ပထမဦးဆုံးသားလေးကို မွေးဖွားခဲ့ပြီး သားလေးအတွက် အချိန်ကောင်းစွာပေးနေတာဖြစ်ပါတယ်။

Park Shin Hye နဲ့ မင်းသား Choi Tae Joon တို့က နာမည်ကြီးတဲ့ အနုပညာရှင်တွေ ဖြစ်ကြတဲ့ အလျောက် သူတို့ရဲ့သားလေးပုံရိပ်လေးကို လူသိရှင်ကြားထုတ်ဖော်လေ့မရှိပါဘူး။ ဒါပေမယ့်လည်း ပရိသတ်တွေကတော့ သူတို့ကလေးလေးရဲ့ မျက်နှာကို အရမ်းတွေ့ချင်နေကြပါတယ်။ 

ဒါကြောင့် လက်ရှိမှာလည်း Park Shin Hye နဲ့ မင်းသား Choi Tae Joon တို့ရဲ့ သားလေးတို့ အတူတွဲရိုက်ထားတယ်ဆိုတဲ့ ဓာတ်ပုံလေးက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အဆိုပါ ပုံရိပ်လေးကို တချို့ကလည်း ကလေးက အရမ်းထွားနေတာကြောင့် မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားကြပါတယ်။ 

Park Shin Hye နဲ့ မင်းသား Choi Tae Joonတို့ရဲ့သားလေးကို ပြီးခဲ့တဲ့ ၅ လပိုင်းတုန်းက မွေးဖွားခဲ့တာဖြစ်လို့လက်ရှိမှာ ၇ လသား အရွယ်လေး ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဓာတ်ပုံထဲက ကလေးလေးသာ တကယ်ဆိုရင်ကလေးလေးက ဝဝ တုတ်တုတ် လေးနဲ့ အရမ်းချစ်ဖို့ကောင်းလွန်းပါတယ်နော်။ 

တောင်ကိုရီးယားနာမည်ကြီးချစ်စရာ မိသားစုလေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။