လူငယ်အများစုဟာဆိုရင် ရာဇပလ္လင်နဲ့ နန်းရိုက်နန်းရာဆိုတာကို ပျော်စရာကောင်းပြီး မတ်မောစရာအရာကြီးလို့ထင်ကောင်းထင်မိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကမ္ဘာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ တော်ဝင်မျိုးနွယ် လူငယ်တွေကတော့ မိသားစုမျိုးနွယ်နဲ့ ဂုဏ်သိက္ခာအတွက် ကြီးမားလေးလံတဲ့ ဝန်ကြီးကို ထမ်းထားကြရပါတယ်။ အဲဒီထဲမှချောမောလွန်းပြီး အရည်အချင်းပြည့်မီကြတဲ့ မင်းသားငယ်လေး တွေအကြောင်းကို ဖော်ပြပေးသွားပါမယ်။
Moulay Hassan

မော်ရိုကို အိမ်ရှေ့စံမင်းသား Moulay Hassan ဟာဆိုရင် မော်ရိုကိုဘုရင် Mohammed VI နှင့် မင်းသမီး Lalla Salma တို့ရဲ့ အကြီးဆုံးသားတော်ဖြစ်ပါတယ်။ အိမ်ရှေ့စံမင်းသား Moulay က အသက် ၁၇ နှစ်သာရှိသေးပေမယ့်ထီးနန်းဆက်ခံရမယ့် အိမ်ရှေ့စံတစ်ယောက်ဖြစ်တာကြောင့် တော်ဝင်တာဝန်တွေကို စိတ်ပါဝင်စားစွာနဲ့ ပါဝင်ဆောင်ရွက်တဲ့သူဖြစ်ပါတယ်။


တော်ဝင်သံတမန်ရေးရာ ကိစ္စတွေကို တက်ကြွစွာနဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့ Moulay ဟာဆိုရင် ဖခင်ဘုရင်ကြီးMohammed VI ကဲ့သို့ပင် ရုပ်ရည်ချောမောခန့်ညားလွန်းပြီး ထူးချွန်ထက်မြတ်တဲ့သူအဖြစ် နာမည်ကြီးပါတယ်။
Charles Armstrong

Charles Armstrong ဟာဆိုရင် မင်းသမီး Margaret ရဲ့ ဒုတိယ အကြီးဆုံး မြေးတော်ဖြစ်ပါတယ်။ Charles ဟာဆိုရင်လည်း Earldom of Snowdon ရဲ့ ထီးနန်းအရိုက်အရာကို အမွေဆက်ခံမယ့်သူအဖြစ် ရာထားခြင်း ခံရတဲ့သူဖြစ်ပါတယ်။

Charles က အသက် ၂၁ နှစ် အရွယ်သာရှိသေးပြီး ဒီဇိုင်းရေးရာကို ဝါသနာပါတာကြောင့်Loughborough တက္ကသိုလ်မှာ product design ပညာကို လေ့လာဆည်းပူးနေပါတယ်။

Sam Chatto

မင်းသား Sam Chatto ဟာဆိုရင်လည်း မင်းသမီး Margaret ရဲ့ မြေးသုံးယောက်မှာ အကြီးဆုံးတစ်ယောက်ဖြစ်ပါတယ်။ Sam Chatto က လက်ရှိမှာ အသက် ၂၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး Eton College ကိုတက်ရောက်ကာEdinburgh တက္ကသိုလ်မှာ အနုပညာသမိုင်းဘာသာရပ်ကို လေ့လာဆည်းပူးခဲ့တဲ့သူဖြစ်ပါတယ်။

Constantine Alexios

မင်းသား Constantine Alexios ဟာဆိုရင်လည်း ဒိန်းမတ်တော်ဝင်မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။Constantine Alexios က မင်းသားတစ်ယောက်ဆိုပေမယ့် သာမန်လူတစ်ယောက်လိုမျိုးနေထိုင်ရတာကို ကြိုက်နှစ်သတ်တဲ့သူဖြစ်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း သဘာဝတရားကို ချစ်မြတ်နိုးတဲ့ စာတွေ ပုံတွေနဲ့သာပြည့်နှက်နေတဲ့သူဖြစ်ပါတယ်။

မင်းသား Constantine Alexios ဟာ အစ်မ ဖြစ်သူမင်းသမီး အိုလံပီယာကဲ့သို့ပင် အမေရိကမှာ ပညာသင်ကြားဖို့အတွက် ရွေးချယ်ခံရပြီး လက်ရှိမှာ တော်ဝင်မျိုးနွယ်တွေ အနှစ်သက်ဆုံးကျောင်း ဂျော့ဂ်ျတောင်းတွင် ပညာသင်ကြားလျက်ရှိပါတယ်။
Prince Nikolai

ဒိန်းမတ်မင်းသား Nikolai ဟာဆိုရင်လည်း ဖက်ရှင်လောကမှာ မသိတဲ့လူ မရှိလောက်အောင် နာမည်ကြီးပြီးကျော်ကြားတဲ့သူဖြစ်ပါတယ်။ မင်းသား Nikolai က ဒိန်းမတ်ထီးနန်းရဲ့ ၇ ဆက်မြောက် ဆက်ခံသူဖြစ်ပြီး razor-sharp cheekbones ရဲ့ ပိုင်ရှင်လည်းဖြစ်ပါတယ်။

မင်းသား Nikolai က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက Burberry's London Fashion Week ဖက်ရှင်ရှိုးပွဲမှာ Jones’s Dior collections နဲ့တွဲပြီး catwalk ပွဲဦးထွက်ကိုပြုလုပ်ခဲ့ပါတယ်။

Nikolai က တော်ဝင်မျိုးနွယ်မဟုတ်တဲ့ သူ့ရဲ့ဘဝကို ခန့်မှန်းလို့မရကြောင်း ၊ တော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်လို့ငယ်ငယ်ကတည်းက အခွင့်ထူးခံ တစ်ယောက်လို ခံစားခဲ့ရကြောင်း ၊ လက်ရှိမှာတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းပျော်စရာကောင်းတဲ့ ဘဝကို ဖြတ်သန်းနေကြောင်း ပြောခဲ့ဖူးပါတယ်။

ဖက်ရှင်အပိုင်းကိုစိတ်ဝင်စားတဲ့ မင်းသားNikolai ကတော့ Dior ရဲ့ ပုံရိပ်လေးလို့ တင်စားခေါ်ဝေါ်ရလောင်အောင်ကို အရမ်းချောမောလွန်းတဲ့သူလေးဖြစ်ပါတယ်။ မင်းသား Nikolai ရဲ့ လက်ရှိအသက်ကတော့ ၂၃ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။