တောင်ကိုရီးယားမင်းသား Song Joong Ki ဟာဆိုရင် လက်ရှိ မှာ Reborn Rich ဇာတ်လမ်းတွဲနဲ့ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့သူဖြစ်ပါတယ်။ 

Google

မင်းသား Song Joong Ki က မင်းသမီး Song Hye Kyo နဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။  

Google

သူတို့နှစ်ဦး လက်မထပ်ရသေးခင် ၂၀၁၆ ခုနှစ်က  Song Joong Ki က သူ့ရဲ့နာမည်နဲ့ မင်္ဂလာဦးအိမ်လေးကို အီထယ်ဝန်မှာ ဝယ်ယူခဲ့ပါတယ်။ Song Hye Kyo နဲ့အတူနေဖို့ရည်ရွယ်ထားတဲ့ မင်္ဂလာဦးအိမ်လေးဖြစ်တဲ့အတွက် အကယ်၍သာ မကွာရှင်းရသေးဘူးဆိုရင် ပိုင်ဆိုင်မှုက နှစ်ဦးစလုံးအတွက်ပဲဖြစ်ပါတယ်။ ဒါပေမယ့်ကွာရှင်းလိုက်တာကြောင့် လက်ရှိမှာ အိမ်လေးကို နာမည်ပေါက်ပိုင်ရှင်ဖြစ်တဲ့ Song Joong Ki ကသာ ပိုင်ဆိုင်ပါတယ်။ 

မပြင်ဆင်ရသေးခင်ပုံ
ပြန်လည်ပြင်ဆင်ပြီးနောက်

အိမ်ကို စတင်ဝယ်ယူခဲ့စဉ်က ပေါက်စျေးက တောင်ကိုရီးယားဝမ် ၁၀ ဘီလီယံသာရှိပြီး Song Joong Ki က သူကိုယ်တိုင် ပြန်လည်ပြင်ဆင်ခဲ့တာလို့ သိရပါတယ်။ လှလှပပလေးပြင်ဆင်ပြီးတဲ့နောက်မှာ စျေးက တရိပ်ရိပ်တက်လာပြီး လက်ရှိမှာ ပေါက်စျေးက တောင်ကိုရီးယားဝမ် ၂၀ ဘီလီယံဝန်းကျင်အထိတောင် ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Google

အိမ်ရဲ့တည်နေရာက အချက်အချာကျလွန်းတဲ့နေရာမှာရှိနေပြီး အီထယ်ဝန်ရဲ့ အကွက်အကွင်းကောင်းတဲ့နေရာဖြစ်တာကြောင့်လက်ရှိထက်ပိုပြီး စျေးရနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။