Pied Crow လို့ခေါ်တဲ့ ငှက်တွေဟာ ကျီးကန်းနဲ့တူပြီး ကျယ်ကျယ်ပြန့်ပြန့်ပျံသန်းနိုင်တဲ့ အာဖရိက ငှက်မျိုးနွယ်ပဲ ဖြစ်ပါတယ်။သူတို့ဟာ ကျယ်ပြန့်စွာပျံနိုင်တဲ့ အတောင်ပံတွေပါရှိပြီး ခန္ဓာကိုယ်အရောင်တွေဟာ တောက်ပြောင်ကြတာပဲ ဖြစ်ပါတယ်။Pied Crow တွေဟာ ထက်မြက်ကြပြီး စပ်စုပြီးအတုယူ တတ်တဲ့ ဦးနှောက်တွေ ပိုင်ဆိုင်ထားကြတာပဲဖြစ်ပါတယ်။

သူတို့ဟာ အသက် (၆) နှစ်မှ (၂၄) နှစ်ထိနေနိုင်ကြပြီး ခန္ဓာကိုယ် အရှည် (၄၆) စင်တီမီတာမှ (၅၂) စင်တီမီတာထိရှိကာ အလေးချိန် (၅၂၀) ဂရမ်ထိရှိကြတာ ဖြစ်ပါတယ်။ Pied Crow တွေဟာ လင်းတနဲ့သားကောင်ငယ်တွေပါ စားတာကြောင့် လူတွေပိုစိတ်ဝင်စားကြတာ ဖြစ်ပါတယ်။Pied Crow တွေဟာ ကျီးကန်းတွေကဲ့သို့အသံ ရှိပြီး အသံပြတ်၊အသံပိုတွေနဲ့ ပြောတတ်ကြတာဖြစ်ပါတယ်။သူတို့ရဲ့ လည်ပင်း၊နှာခေါင်း၊ အခေါင်းပေါက်တွေဟာ ပြားပြီး အမြှီးတွေကလည်း လှုပ်နိုင်တာပဲဖြစ်ပါတယ်။

Pied Crow တွေကို ဆာဟာရအောက်ပိုင်းမှာ ရှိတဲ့ ကျွန်း၊ အနီးအနားမှာ ရှိတဲ့ ရွာနဲ့မြို့တွေ့ မှာတွေ့ရပါတယ်။သူတို့ဟာ မိုးသစ်တောမှာမနေကြပဲ အခြားငှက်တွေရှိတဲ့သစ်ပင် တွေမှာနေထိုင် အိပ်စက်ကြပါတယ်။သူတို့ဟာ ကျောရိုးရှိတဲ့ အင်းဆက်၊ပင့်ကူ နဲ့ ခရုတွေသာမက ကျောရိုးရှိ ကြွက်များ၊ငှက်များ၊အိမ်မြှောင်၊ဖားနဲ့ ငါးတွေကို စားသုံးကြပါတယ်။ဒါတင်မကပဲ အစေ့၊အမြစ်၊သစ်သီးတွေ နဲ့ အာလူးတွေလည်း စားကြပါတယ်။

Pied Crow တွေဟာ ကျယ်ကျယ်ပြန့်ပြန့်ပျံသန်းနိုင်တာကြောင့် ဒေသအလိုက်ပေါများကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အကောင်အရေအတွက်ဘယ်လောက်ရှိကြောင်း ခန့်မှန်းချက်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။အခုချိန်အထိ တည်ငြိမ်နေဆဲလို့တော့ သိရပါတယ်။သူတို့ဟာ သက်ရှိသတ္တဝါဖြစ်တာကြောင့် ကောင်းတဲ့အချက်နဲ့ မကောင်းတဲ့အချက်တွေရှိကြတာပဲ ဖြစ်ပါတယ်။သူတို့ကြောင့် ဥယျာဉ်ခြံ၊စိုက်ပျိုးသီးနှံတွေ ပျက်စီးနိုင်ပြီး သူတို့ဟာ Carrion တွေကိုစားတာကြောင့် လူသားတွေအတွက်သာမက ၎င်းတို့နေထိုင်တဲ့ ဂေဟစနစ်ကိုလည်း ကူညီပေးတာပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။