မနေ့ကမှ Elon Musk ကိုကျော်တက်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့ Louis Vuitton ပိုင်ရှင် ဘားနဒ် အားနို့တ် နဲ့ ဆောင်းဟေကိုတို့ရိုက်ထားတဲ့ပုံဟာ လူမှုကွန်ယက်တွေပေါ်မှာ နာမည်ကြီးနေပါတယ်။ နာမည်ကြီး ဇိမ်ခံအမှတ်တံဆိပ်ဖြစ်တဲ့ Louis Vuitton (LV) ရဲ့ပိုင်ရှင်သူဌေးကြီး ဘားနဒ် ဟာ မင်းသမီး ဆောင်းဟေကိုနဲ့ ပြင်သစ်နိုင်ငံ ပါရီမှာကျင်းပတဲ့ ဖက်ရှင်ရှိုးတစ်ခုမှာ ပြီးခဲ့တဲ့ ဇူလိုင်လကတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီမှာ ဆောင်းဟေကိုက သူဌေးကြီးနဲ့ အတူစကားလက်ဆုံ ကျနေတာကိုတွေ့ရခဲ့ပြီး အမှတ်တရဓာတ်ပုံတွေလည်း အတူရိုက်ကူးခဲ့ကြပါသေးတယ်။ ဘားနဒ် အားနို့ဟာဆိုရင် ကမ္ဘာ့နာမည်အကြီးဆုံး fashion brand ကြီးရဲ့ပိုင်ရှင်ဖြစ်ပြီး ပိုင်ဆိုင်မှု 171 ဘီလီယံဒေါ်လာ နဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘားနဒ်ဟာဆိုရင် ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာတဲ့ ပထမဆုံးဥရောပသားဖြစ်ပြီး အရင်ကချမ်းသာခဲ့တဲ့ အမေရိကန်သူဌေးကြီးတွေဖြစ်တဲ့ ဘီလိဂိတ်, အီလွန်မက်စ် နဲ့ ဂျက်ဖ်ဘီးဆော့ တို့ကိုကျော်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေကတော့ ဆောင်းဟေကိုအနေနဲ့ အခုလိုသူဌေးကြီးနဲ့အတူတွဲပြီးရှိနေနိုင်တဲ့အတွက် ဂုဏ်ယူနေကြပါတယ်။
Photos- credit
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။