ဒီဇင်ဘာလ ၁၁ ရက်နေ့တုန်းက Korea Corporate Reputation Research Institute ကနေပြီး ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် ခုနှစ်အတွက် အကောင်းဆုံး တောင်ကိုရီးယားမိန်းကလေး အဆိုတော်စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါစာရင်းကို တိကျသေချာစွာနဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပြီး အဖွဲ့ဝင်တွေ အားလုံးကို ထည့်သွင်းပြီး စာရင်းပြုစုထားတာဖြစ်ပါတယ်။

Google
Google

ရလဒ်တွေအရ NewJeans က BLACKPINK အဖွဲ့ကိုကျော်ပြီး နံပါတ် ၁ နေရာကိုဆွတ်ခူးရရှိခဲ့တာကြောင့် BLACKPINK အဖွဲ့အနေနဲ့ ဒုတိယနေရာကိုသာရရှိခဲ့တယ်လို့ သိရပါတယ်။ Red Velvet အဖွဲ့ကတော့ နံပါတ် ၃ နေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။ NewJeans က ပွဲဦးထွက်လာကတည်းက ပထမဦးဆုံးအနေနဲ့ အခုလိုမျိုး ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။  

Google

NewJeans အဖွဲ့ဟာဆိုရင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလရဲ့ စစ်တမ်းကောက်ချက်တွေအရ ပရိသတ်တွေရဲ့ အာရုံစိုက်မှု ၊ YouTube မှာ ကြည့်ရှုအားပေးမှု အခံရဆုံး ၊ အကောင်ဆုံးသီချင်း စာရင်းတွေထဲမှာ positive ရလဒ် 83.29% အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ New Jeans အဖွဲ့ဟာဆိုရင် အဖွဲ့ဝင် ၅ ယောက်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် Minji ၊  Hani ၊ Danielle ၊ Haerin, နဲ့ Hyein တို့ပါဝင်ပါတယ်။ New Jeans ဟာဆိုရင် ပွဲဦးထွက်လာကတည်းက နာမည်ကြီးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး music charts မှာလည်း သီချင်းတွေအားလုံးကို ကျော်တက်သွားနိုင်တဲ့အထိ အရည်အချင်းရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

Google
Google

New Jeans ဟာဆိုရင် တစ်ကိုယ်တော်အယ်လ်ဘမ်အသစ် 'OMG' ကို လာမည့်လ ၂ ရက်နေ့မှာ ဖြန့်ချိသွားမှာဖြစ်ပါတယ်။  အယ်လ်ဘမ်မထုတ်ဝေမီ b-side သီချင်းများကိုတော့ 19 ရက်နေ့ တွင် ကြိုတင်ထုတ်ဝေသွားမယ်လို့ သိရပါတယ်။ December 2022 Girl Group Brand Reputation စာရင်းထုတ်ပြန်ချက်ထဲမှာ ပါဝင်ခဲ့တဲ့ ၁ ကနေ ၂၀ အထိ စာရင်းကို အောက်မှာဝင်ရောက် ကြည့်ရှုသွားနိုင်ပါတယ်။

Google

1.      NewJeans,

2.     Blackpink,

3.     Red Velvet

4.     Twice

5.     (G)I-DLE

6.     Girls’ Generation

7.     LE SSERAFIM

8.     Oh My Girl

9.     WJSN

10.    IVE

11.    APinK

12.    Aespa

13.    Mamamoo

14.    ITZY

15.    Alice

16.    Cignature

17.    April

18.    fromis_9

19.    Girl’s Day

20.   Dreamcatcher

Source: wikitree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။