BTS အဖွဲ့ဝင် V ဟာဆိုရင် BTS အဖွဲ့ဝင်တွေထဲ နာမည်ကြီးတဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ မကြာသေးမီကမှ V ဟာ ရေဒီယိုအစီအစဥ်တစ်ခုမှာ အထူးဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ V ဟာအစပိုင်းမှာ စိတ်ရှုပ်ထွေးနေပုံရပေမယ့် နောက်ပိုင်းမှာတော့ စိတ်ပျော်ရွှင်စရာတစ်ခုနဲ့တွေ့ခဲ့ပါတယ်။ အဲ့တာကတော့ သူ့ကိုလာပြီးနှုတ်ဆက်တဲ့ သူ့ရဲ့အာမီလေးတွေပဲဖြစ်ပါတယ်။

သူရဲ့ရေဒီယိုအစီအစဥ်ထိလာပြီး လာရောက်ပံ့ပိုးပေးတဲ့ အာမီလေးတွေကို သူကပြန်ပြီးလက်ပြနှုတ်ဆက်နေကာ သူ့အတွက်အာမီလေးတွေက ဘယ်လောက်အရေးကြီးလဲဆိုတာ ပြသခဲ့ပါတယ်။ V ကအစကသူ့ရဲ့အာမီပရိသတ်တွေနဲ့ နီးနီးကပ်ကပ်တွေ့ခွင့်ရချင်လို့ ရေဒီယိုစတူဒီယိုထဲအထိ ခေါ်သွားချင်ပေမယ့်လည်း အန္တရာယ်များတဲ့အခြေအနေမို့ ခေါ်သွားခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

ဒါအပြင့် V ဟာ ရေဒီယိုအသံမထုတ်လွှင့်ခင်, ထုတ်လွှင့်နေချိန်နဲ့ ထုတ်လွှင့်အပြီးမှာလည်း မှန်ခန်းအပြင်ကကြည့်နေတဲ့ သူ့ရဲ့ပရိသတ်တွေဆီကိုပဲ ကြည့်နေခဲ့ကာ သီချင်းထုတ်လွှင့်ချိန်မှာလည်း သူ့ပရိသတ်တွေနဲ့ လိုက်ကနေခဲ့ပါတယ်။

ပရိသတ်တွေကတော့ V ရဲ့အာမီလေးတွေအပေါ် ဂရုစိုက်တတ်ပုံကိုချီးကျူးနေကြပြီး သူ့ရဲ့ကြင်နာတတ်တဲ့ နှလုံးသားလေးကို သဘောကျနေကြပါတယ်။

Photos- credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။