တေးသံရှင်မနောဟာဆိုရင် မြန်မာသီချင်းကောင်းများစွာကို အသံပါဝါကောင်းကောင်းနဲ့ ရင်ထဲထိထိ သီဆိုနိုင်တဲ့သူဖြစ်ပါတယ်။ မနောက လက်ရှိမှာ သီချင်းဆိုတာတွေကို ရပ်နားထားပြီး ကိုယ်တိုင်ကိုယ်ကျ စီးပွားရေးလုပ်ငန်းလေးကို စွန့်ဦးတီထွင် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း တေးသံရှင်မနောက ဆီထည့်ပြီးမောင်းစရာမလိုတဲ့ ကားလေးကို ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း အသိပေးပြောကြားလာပါတယ်။

Google

ဆီထည့်ပြီးမောင်းဖို့မလိုတဲ့ကားလေးကို မနောတည်ထောင်ထားတဲ့ လုပ်ငန်းဖြစ်တဲ့ MZ Group ဓူဝံ စတိန်းလက်စတီးနဲ့ ဖိုက်ဘာဂလပ်စ်ကနေ က နေ ထုတ်လုပ်ဖန်တီးပေးခဲ့တာဖြစ်ပြီး အသုံးဝင်တဲ့ ပစ္စည်းလေး ဖြစ်လို့ လူစိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

Ma Naw's Facebook 
Ma Naw's Facebook 

ဆီထည့်ပြီးမောင်းစရာမလိုတဲ့ကားလေးကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းကို မနောက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးတွေနဲ့တကွ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

Ma Naw's Facebook 
Ma Naw's Facebook 
Ma Naw's Facebook 

အဆိုပါကားလေးကို မနောရဲ့ ဆိုင်မှာ လာအပ်တာကြောင့် တေးသံရှင် မနောက ကိုယ်တိုင်ကိုယ်ကျ ဖန်တီး ထုတ်လုပ်ပေးဖြစ်တယ်လို့လည်း ထပ်ဆောင်း ရှင်းပြထားပါတယ်။

Ma Naw's Facebook 

တေးသံရှင် မနော တီထွင်ဖန်တီးပြုလုပ်ပေးခဲ့တဲ့ ဆီမလို ကားလေးအကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။