တောင်ကိုရီးယားမင်းသား Kwon Sang Woo ဟာဆိုရင် ချစ်ရတဲ့ မင်းသမီး Son Tae-young နဲ့ လက်ထပ်ခဲ့တာ လက်ရှိမှာဆိုရင် အိမ်ထောင်သက် ၁၅ နှစ် ကျော်သွားပြီပဲဖြစ်ပါတယ်။ လက်ထပ်ပြီးနောက်မှာတော့ Kwon Sang Woo က ချစ်စရာသားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကိုတည်ထောင်ထားပါတယ်။

Google

မင်းသား Kwon Sang Woo က လက်ရှိမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေပြီး မိသားစုကို အချိန်ပေးဖြစ်နေတာကြောင့် အနုပညာအလုပ်တွေ လုပ်တာတော့ ကြဲသွားခဲ့ပါပြီ။ Kwon Sang Woo က အခြားသူတွေလိုမျိုးမဟုတ်ဘဲ သားသမီးတွေနဲ့ မိသားစုပုံရိပ်လေးတွေ လူသိရှင်ကြားထုတ်ဖော်ရတာ အရမ်းကြိုက်တဲ့သူဖြစ်ပါတယ်။

Google
Google

မင်းသား Kwon Sang Woo သူ့ရဲ့သားသမီးလေးတွေနဲ့ ပျော်ရွှင်စွာဆော့ကစားနေတဲ့ ပုံရိပ်လေးတွေကို အောက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Google
Google
Google
Google
Google

Kwon Sang Woo က သူ့ရဲ့သားလေးနဲ့ ကမ်းခြေမှာ ပျော်ရွှင်စွာဆော့ကစားလေ့ရှိပြီး သမီးလေးအကြိုက် အရုပ်အိမ်လေးတွေကိုလည်း လိုက်ပြီးဆောက်ပေးတတ်တဲ့သူဖြစ်ပါတယ်။

Google
Google

သားအဖတွေ မြတ်ခင်းပြင်မှာ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ပုံရိပ်လေးကလည်း ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေကို အပျော်တွေကူးစက်သွားစေခဲ့ပါတယ်။

Google

တစ်ခေတ်တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့တဲ့ မင်းသား Kwon Sang Woo ရဲ့ ချစ်စရာ သားလေးတွေ သမီးလေးတွေ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။